ဒီရာသီ နောက်ဆုံး ပရီးမီးယားလိဂ် ၈ ပွဲမှာ တစ်ပွဲကလွဲရင် ကျန်တဲ့ပွဲအားလုံး မိနစ် ၉၀ အပြည့် ကစားခဲ့တဲ့ ဗဟိုနောက်ခံလူ မာတစ်ကို အတော်လေး အထင်ကြီးမိပါကြောင်း ကာရေဂါက ချီးကျူးခဲ့ပါတယ်။

အသက် ၃၀ အရွယ် ခံစစ်မှူးဟာ ဒီရာသီမှာ သူ့ရဲ့ ခံစစ်အသင်းဖော် ဗန်ဒိုက်ထက် ပိုကောင်းခဲ့တယ်လို့တောင် ကာရေဂါက ယုံကြည်နေတယ်။

ဒါကြောင့်ပဲ အင်္ဂလန်ဒါဘီပွဲကြို နှစ်သင်းပေါင်း အကောင်းဆုံး ၁၁ ယောက် စာရင်းထဲမှာ ကမ္ဘာစံချိန်တင် ခံစစ်မှူးဖြစ်တဲ့ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားထက် လီဗာပူးထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်လာခဲ့တဲ့ ကင်မရွန်းသား မာတစ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

“နောက်ဆုံး ၁၂ လအတွင်း စွမ်းဆောင်မှုတွေကို ကြည့်မယ်ဆိုရင်တော့ ဗန်ဒိုက်နဲ့အတူ မက်ဂွိုင်းယားကို ရွေးချယ်လို့ ရနိုင်ပါတယ်။ ကျွန်တော်က မက်ဂွိုင်းယားရဲ့အမာခံ ပရိသတ်တစ်ယောက်ပါ။ သူက တကယ်ကောင်းတဲ့ ကစားသမားပဲ။ လက်စတာနဲ့ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ မဆိုင်ပါဘူး။

ဒါပေမယ့် ဒီရာသီမှာ မာတစ်က ဗန်ဒိုက်ထက်တောင် ပိုကောင်းကောင်း လုပ်ပြခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ သူက သိပ်ပြီး မထင်ပေါ်တဲ့ ကစားသမားတစ်ယောက်ပါ။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပြီး ယာဂင်ကလော့ပ် လက်အောက်မှာ အချိန်အကြာကြီး ကစားခဲ့တယ်။ ဒဏ်ရာပြဿနာတွေလဲ ကြုံခဲ့ရတယ်။

မာတစ်က ကစားရတဲ့အခါတိုင်း ထိပ်တန်းအဆင့် ခြေစွမ်းတွေကို ပြသထားတယ်။ အခုချိန်မှာ လီဗာပူးခံစစ်ပိုင်းအတွင်း ဗန်ဒိုက်နဲ့ သူ့ရဲ့ တွဲဖက်မှုက တကယ်ကို ကောင်းပါတယ်။ နောက်ဆုံး ၁၈ လအတွင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေအရ သူဟာ လီဗာပူးအတွက် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကစားပေးခဲ့တဲ့ ဗဟိုနောက်ခံလူပါ။

မာတစ်က လီဗာပူးအတွက် အရေးကြီးတဲ့ ပွဲတွေအများကြီးမှာ ပါဝင်ကစားခဲ့တယ်။ ဒီရာသီမှာလည်း ပွဲတိုင်းနီးပါး ကစားပေးခဲ့ပြီး ကစားရတိုင်း သိပ်ကောင်းခဲ့ပါတယ် ” လို့ ကာရေဂါက သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၈ ပြဲမွာ တစ္ပြဲကလြဲရင္ က်န္တဲ့ပြဲအားလုံး မိနစ္ ၉၀ အျပည့္ ကစားခဲ့တဲ့ ဗဟိုေနာက္ခံလူ မာတစ္ကို အေတာ္ေလး အထင္ၾကီးမိပါေၾကာင္း ကာေရဂါက ခ်ီးက်ဴးခဲ့ပါတယ္။

အသက္ ၃၀ အ႐ြယ္ ခံစစ္မွဴးဟာ ဒီရာသီမွာ သူ႔ရဲ႕ ခံစစ္အသင္းေဖာ္ ဗန္ဒိုက္ထက္ ပိုေကာင္းခဲ့တယ္လို႔ေတာင္ ကာေရဂါက ယုံၾကည္ေနတယ္။

ဒါေၾကာင့္ပဲ အဂၤလန္ဒါဘီပြဲၾကိဳ ႏွစ္သင္းေပါင္း အေကာင္းဆုံး ၁၁ ေယာက္ စာရင္းထဲမွာ ကမၻာစံခ်ိန္တင္ ခံစစ္မွဴးျဖစ္တဲ့ ယူႏိုက္တက္ေနာက္ခံလူ မက္ဂြိဳင္းယားထက္ လီဗာပူးထံ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ေရာက္လာခဲ့တဲ့ ကင္မ႐ြန္းသား မာတစ္ကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

“ေနာက္ဆုံး ၁၂ လအတြင္း စြမ္းေဆာင္မႈေတြကို ၾကည့္မယ္ဆိုရင္ေတာ့ ဗန္ဒိုက္နဲ႔အတူ မက္ဂြိဳင္းယားကို ေ႐ြးခ်ယ္လို႔ ရႏိုင္ပါတယ္။ ကြၽန္ေတာ္က မက္ဂြိဳင္းယားရဲ႕အမာခံ ပရိသတ္တစ္ေယာက္ပါ။ သူက တကယ္ေကာင္းတဲ့ ကစားသမားပဲ။ လက္စတာနဲ႔ပြဲမွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ မဆိုင္ပါဘူး။

ဒါေပမယ့္ ဒီရာသီမွာ မာတစ္က ဗန္ဒိုက္ထက္ေတာင္ ပိုေကာင္းေကာင္း လုပ္ျပခဲ့တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ သူက သိပ္ၿပီး မထင္ေပၚတဲ့ ကစားသမားတစ္ေယာက္ပါ။ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာခဲ့ၿပီး ယာဂင္ကေလာ့ပ္ လက္ေအာက္မွာ အခ်ိန္အၾကာႀကီး ကစားခဲ့တယ္။ ဒဏ္ရာျပႆနာေတြလဲ ႀကဳံခဲ့ရတယ္။

မာတစ္က ကစားရတဲ့အခါတိုင္း ထိပ္တန္းအဆင့္ ေျခစြမ္းေတြကို ျပသထားတယ္။ အခုခ်ိန္မွာ လီဗာပူးခံစစ္ပိုင္းအတြင္း ဗန္ဒိုက္နဲ႔ သူ႔ရဲ႕ တြဲဖက္မႈက တကယ္ကို ေကာင္းပါတယ္။ ေနာက္ဆုံး ၁၈ လအတြင္း သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြအရ သူဟာ လီဗာပူးအတြက္ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ကစားေပးခဲ့တဲ့ ဗဟိုေနာက္ခံလူပါ။

မာတစ္က လီဗာပူးအတြက္ အေရးႀကီးတဲ့ ပြဲေတြအမ်ားႀကီးမွာ ပါဝင္ကစားခဲ့တယ္။ ဒီရာသီမွာလည္း ပြဲတိုင္းနီးပါး ကစားေပးခဲ့ၿပီး ကစားရတိုင္း သိပ္ေကာင္းခဲ့ပါတယ္ ” လို႔ ကာေရဂါက သံုးသပ္ခဲ့တာ ျဖစ္ပါတယ္။