အီဘူးရဲ့ အောင်မြင်တဲ့ ပွဲထွက်မှု

ယူနိုက်တက်ကို အဝေးကွင်း သွားယှဉ်ပြိုင်တဲ့ပွဲမှာ ဝါရင့်ခံစစ်မှူး မာတစ်ကို အနားပေးပြီး ပရီးမီးယားလိဂ် အတွေ့အကြုံနည်းတဲ့ အီဘူးကို ပွဲထွက်ခွင့် ပေးခဲ့တဲ့အခါ အားလုံးက အနည်းငယ် အံ့အားသင့်ခဲ့ရတယ်။

ယူနိုက်တက်နဲ့ပွဲဟာ နွေတုန်းကမှ ခေါ်ယူထားတဲ့ ကစားသမားသစ်အတွက် သင့်တော်တဲ့ ပွဲတစ်ပွဲ ဖြစ်စေခဲ့တဲ့ အကြောင်းရင်း အနည်းငယ် မြင်တွေ့ခဲ့ရတယ်လို့ ကလော့ပ်က ပြောဆိုခဲ့သလို ရက်ဖို့ဒ်ရဲ့ အရှိန်အဟုန်ကို ထိန်းသိမ်းဖို့ စတဲ့ အကြောင်းတွေ ရှိပါတယ်။ အီဘူးဟာ ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုအကြောင်းကို အများကြီး ကြားဖူးခဲ့မှာပါ။ အိုးထရက်ဖို့ဒ်မှာ ကစားဖို့ ခက်ခဲတဲ့အကြောင်း၊ ဒီပွဲရဲ့ အရေးပါမှုအကြောင်းတွေပေါ့။

သူဟာ ကွင်းထဲမှာ တစ်နာရီခွဲလောက် အချိန်ဖြုန်းခဲ့ရပြီးနောက်မှာ ဒီပွဲကို ခက်ခဲမယ်လို့ ပြောခဲ့ကြတဲ့ အသင်းဖော်တွေအားလုံးက သူ့ကို စနောက်ခဲ့တာလားလို့တောင် ထင်မိပါလိမ့်မယ်။ ဘောလုံးပြန်လုဖို့ လျင်မြန်တဲ့ လှုပ်ရှားမှုတွေ၊ အမြင့်ဘော အောင်မြင်မှုအနည်းငယ်နဲ့ သင့်တင့်ကောင်းမွန်တဲ့ ပေးပို့မှု အနည်းငယ် ရရှိခဲ့ပါတယ်။

ဘလွန်းဒီအော ဆုရှင်၊ ပမာဏများပြားတဲ့ ပြောင်းရွှေ့ကြေးရှင်တွေနဲ့ အလားအလာအကောင်းဆုံး အင်္ဂလန်တိုက်စစ်မှူး အစရှိတဲ့ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်စုဖွဲ့မှုကို ရင်ဆိုင်ရတဲ့ နောက်ခံလူတစ်ယောက်အနေနဲ့ အီဘူးဟာ သိပ်ပြီး ခက်ခဲတဲ့ စမ်းသပ်မှုတွေ မကြုံခဲ့ရပါဘူး။

ရပ်တန့်လို့ မရတဲ့ ဆာလာ

ဆာလာကို ရပ်ပြမယ်လို့ ကြွေးကြော်ရင်း ကိုယ်တိုင်ပဲ ရပ်တန့်သွားတဲ့ ပြိုင်ဘက်တွေကို ကျနေ်ာတို့ ဘယ်လောက်တောင် မြင်ခဲ့ရပြီလဲ?။ ဒါ့ကောက် ပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းကို အခု ဆာလာက အမွေဆက်ခံထားပါတယ်။

ဒရော့ဘော လွှမ်းမိုးခဲ့တဲ့ ပရီးမီးယားလိဂ် မှတ်တမ်းတွေ နေရာမှာ ဆာလာဟာ သူ့ရဲ့ စံချိန်တွေနဲ့ လုံးဝကို လွယ်လွယ်ကူကူ အနိုင်ယူခဲ့ပါတယ်။ ရာစုနှစ် တစ်ခုကျော် စံချိန်တွေ တင်ခဲ့တဲ့ နေရာမှာ သူက ယူနိုက်တက်ကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ချေဖျက်ခဲ့ပြီးတော့ ခေတ်သစ်တစ်ခုဆီ တရွတ်တိုက် ဆွဲခေါ်ခဲ့တာပါ။

လှုပ်ရှားမှု၊ တိကျတဲ့ အဆုံးသတ်၊ တည်ငြိမ်မှု၊ အသင်းလိုက် လုပ်ဆောင်မှု၊ မရပ်တန့်တဲ့ ပြေးလွှားမှု၊ ဖန်တီးမှုတွေနဲ့ ပြီးပြည့်စုံတဲ့ အချိန်ကိုက်မှုတွေ အပါအဝင် သူဟာ ရပ်တန့်လို့မရ ဖြစ်ခဲ့ပါတယ်။ နောက်ခံလူကောင်းတွတောင် သူ့ကို မတားဆီးနိုင်ပဲ အိုးထရက်ဖို့ဒ်မှာ ဖရိုဖရဲဖြစ်အောင် ဖျက်ဆီးခွင့် ပေးခဲ့ရတာပါ။

၁၀ ပွဲဆက် ဂိုးပေါက်တွေ့ခဲ့တဲ့ ဆာလာဟာ ယူနိုက်တက်နဲ့ပွဲက ဟက်ထရစ်အပါအဝင် ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁၅ ဂိုး သွင်းယူခဲ့ပါတယ်။ အံ့ဩမှင်သက်စရာပါပဲ။

နည်းပြခြင်း အနုပညာ

ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်မယ့် ကလပ် ၄ သင်းထဲက တစ်သင်းဖြစ်တဲ့ ယူနိုက်တက်ရဲ့ မန်နေဂျာ အိုလီဟာ မန်ချက်စတာက လေထန်တဲ့ ဆောင်းဦးရက်တစ်ရက်မှာ ၄၅ မိနစ်ကြာ လမ်းပျောက်ခဲ့ရပါတယ်။ ထိပ်တန်းအဆင့် နည်းပြဆိုတာ ဘယ်လိုလဲ? သူ့အတွက် ဒီမေးခွန်းရဲ့ အဖြေကို ပြန်ရသွားခဲ့တာဖြစ်ပြီး လက်ရှိ ကလော့ပ် ရောက်နေတဲ့ အဆင့်ဟာ သူ့လိုက်မှီဖို့ ခက်ခဲတဲ့ အဆင့်မျိုးပါ။

ယူနိုက်တက်ဟာ လုံးဝ စိတ်ပျက်စရာကောင်းခဲ့ပြီး စုတ်ပြတ်နေတဲ့ ခံစစ်၊ စည်းလုံးမှု လုံးဝမရှိတဲ့အသင်းဖြစ်နေခဲ့တာလား? ဒါမှမဟုတ် ယာဂင်ကလော့ပ်က ကြီးမားတဲ့ အလောင်းအစားတွေ လုပ်ခဲ့ပြီး ခက်ခဲတဲ့ အဝေးကွင်းပွဲကို ရင်ဆိုင်ရဖို့ အစွမ်းကုန် အားထုတ်ခဲ့ကြတာလား?

သေချာတာကတော့ တစ်သင်းလုံးက ကိုယ့်အလုပ်ကို ကိုယ်သိကြပြီး ဘာလုပ်ဖို့လိုတယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာကို နားလည်ကြတာပါ။ ဒါက မတော်တဆ ဖြစ်သွားတာ မဟုတ်ပါဘူး။ စီစဉ်ထားတဲ့အတိုင်း၊ ပြင်ဆင်ထားတဲ့အတိုင်း ဖြစ်ခဲ့တာပါ။ သူ ဘာလိုချင်တယ်ဆိုတာကို တိတိကျကျသိတဲ့၊ လေ့ကျင့်ရေးကွင်းမှာ ဘယ်လို အောင်မြင်အောင် လုပ်ရမလဲဆိုတာ သိတဲ့ ကမ္ဘာ့အဆင့် နည်းပြတစ်ယောက်က စီစဉ်ထားတဲ့ အတိုင်းပါပဲ။