လီဗာပူးအသင်းဟာ ပရက်စတန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ပထမပိုင်း ကစားပုံ မကောင်းပေမယ့်လို့ ဒုတိယပိုင်း သွင်းဂိုးတွေဖြင့် ပွဲကို အနိုင်ရကာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဒုတိယပိုင်းမှာတော့ မာတစ်အစား နက်ဖီးလစ်ကို ထည့်သွင်းခဲ့တယ်။ ကလော့ပ်ကတော့ မာတစ်အတွက် လုံလောက်တဲ့ ပွဲကစားချိန် ရခဲ့ပြီဖြစ်လို့ နက်ဖီးလစ်ကို လူစားလဲခဲ့တာလို့ ဆိုပါတယ်။ ဖီးလစ် ကောင်းကောင်းကစားခဲ့ပြီး ဒီပွဲမှာတော့ ညာအစွန်လူ နီကိုး အတော်လေး ထူးချွန်ခဲ့ကာ သွင်းဂိုးတွေကိုတော့ မီနာမီနိုနဲ့ အိုရီဂီတို့က သွင်းယူပါတယ်။

နီကိုးဟာ ပထမပိုင်းတည်းက ကောင်းမွန်တဲ့ ကာကွယ်မှုတွေဖြင့် ဂိုးမပေးရအောင် ကြိုးစားပေးခဲ့သလို ဒုတိယပိုင်းမှာလည်း အသင်းဖော် မီနာမီနို ဂိုးသွင်းဖို့ ဂိုးထောက်ပံ့ပေးမှု လုပ်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပရိသတ်တွေ ရွေးချယ်ပေးတဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲစွမ်းဆောင်ရည်နဲ့ ရလဒ်အတွက် ကလော့ပ်က မှတ်ချက်ပေးရာမှာ ” ကျနော်တို့ ကစားပုံ မကောင်းခဲ့ပါဘူး။ အဲ့တာက ပွဲအခြေအနေပါ။ ပွဲအစကို ကောင်းမွန်စွာ စတင်ခဲ့ပေမယ့် ကျနေ်ာတို့ရဲ့ တည်ဆောက်ပုံတွေကို ဆုံရှုံးခဲ့ပါတယ်။ အဲ့တာကတော့ ပြဿနာပေါ့။

ကျနေ်ာတို့က တက်ကြွလွန်နေခဲ့တာဖြစ်သလို ဘောလုံးရဖို့ သိပ်လောနေခဲ့တယ်။ လူတိုင်းက ပြုံဆင်းနေပြီး လိုင်းတွေကြားမှာ ကစားသမားတွေ လုံလောက်ခြင်း မရှိပါဘူး။ လိုအပ်တဲ့ နေရာမှာ ကစားသမားက ရှိမနေဘူး။ အဲ့တာက ပုံမှန်ပါပဲ။ ကိုယ် တွဲဘက်ကစားဖူးခြင်း နည်းပါးတဲ့ သူတွေနဲ့ တွဲကစားရတာဆိုရင် အဲ့တာက ဖြစ်တတ်ပါတယ်။ ဒီလို အတွဲမမိတာက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

အတွဲမမိတာကပဲ အဓိက ခက်ခဲနေတဲ့ ကိစ္စပါ။ ပရက်စတန်က ဘောလုံးပိုင်ဆိုင်မှုတွေ ဘာတွေကို အာရုံစိုက်မနေပါဘူး။ သူတို့က အဝေးဘောတွေပေးမယ်၊ အဲ့လိုပေးနိုင်ဖိုဖ့ တိုက်ခိုက်ကြပါတယ်။ သူတို့ တည်ကန်ဘောတွေရရင် ပရိသတ်အားပေးမှုကလည်း သိပ်ကိုကောင်းပါတယ်။ ကျနေ်ာတို့က အရှိန်တွေကို ဆုံးရှုံးနေပြီး ပရက်စတန်ဘက်က အရှိန်ကောင်း ရနေခဲ့တာပါ။

ဘောလုံးပွဲတွေက ဒီလိုပါပဲ။ တစ်ဦးချင်းမှာ သိပ်ကောင်းတဲ့ အခြေအနေတွေကို ကျနော် မြင်ခဲ့တယ်။ အသင်းအနေနဲ့ ကျနေ်ာတို့ ပိုကောင်းလာနိုင်ပေမယ့် တစ်ဦးချင်းတွေမှာ ကောင်းနေတာကို တွေ့ခဲ့တယ်။ ဒီတော့ အဆင်ပြေပါတယ်။

အရေးကြီးတာက နောက်တစ်ဆင့်ကို တက်ရောက်ဖို့ဖြစ်ပြီး ကျနေ်ာတို့ လုပ်နိုင်ခဲ့ပါတယ်။ ပွဲထွက် လူစာရင်း ၁၁ ဦးလုံးကို ပြောင်းလဲလိုက်တာက ခက်ခဲစေခဲ့ပါတယ်။ အဲ့တာတော့ ရှင်းပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။