လီဗာပူးအသင်းဟာ ယူနိုက်တက်ကို ၅-၀ ဖြင့် အနိုင်ရတဲ့ပွဲ လူစာရင်းကို ပွဲထွက် ၁၁ ဦးလုံး အပြောင်းအလဲ လုပ်ထားတဲ့ လူစာရင်းဖြင့် ပရက်စတန်ကို ယှဉ်ပြိုင်ခဲ့ပါတယ်။

ပွဲချိန် ဒုတိယပိုင်းမှာတော့ မန်နေဂျာကလော့ပ်က မာတစ် အစား နက်ဖီးလစ်ကို လူစားဝင် ကစားစေခဲ့တယ်။ ယူနိုက်တက်ပွဲမှာ ပါဝင်ခွင့် မရထားတဲ့ မာတစ်ကို ပုံစံကောင်းမှာ ဆက်ရှိနေစေဖို့ရာ ၄၅ မိနစ် ပါဝင်ကစားစေခဲ့တာဖြစ်ပြီး ဒဏ်ရာပြဿနာကြောင့် လူစားလဲတာ မဟုတ်ပါဘူးလို့ မန်နေဂျာကြီးက ပွဲအပြီးမှာ လီဗာပူးအသင်း ဝဘ်ဆိုဒ်ကို ဖြေဆိုပေးပါတယ်။

ယာဂင်က ရှင်းပြရာမှာ “ မာတစ်က ဒီလိုလုပ်ပေးဖို့ လိုပါတယ်။ သူက ဒဏ်ရာရတာ မဟုတ်ပါဘူး။ မာတစ်ရဲ့ ရစ်သမ်ကို ဆက်ထိန်းထားနိုင်ရေးအတွက် ကျနေ်ာတို့က သူ့ကို ၄၅ မိနစ် ကစားလိုရအောင်ပဲ စီစဉ်ပေးခဲ့တာပါ။ သူ့အတွက် ဒီလိုကိစ္စတွေ လုပ်ပေးဖို့ လိုအပ်လို့ ဖြစ်ပါတယ်။

မာတစ်ကို လူစားလဲမယ်ဆိုရင် နက်ဖီးလစ် ဝင်လာရမယ်ဆိုတာကတော့ ရှင်းပါတယ်။ ဖီးလစ်က အရမ်းကို ကြံ့ခိုင်မှု ကောင်းနေပြီး လေ့ကျင့်ရေးမှာလည်း အကောင်းဆုံး လုပ်နေပါတယ်။ ဒါကို အားလုံးလည်း မြင်ကြပါလိမ့်မယ်။ ဖီးလစ်က ထိပ်တန်း ခံစစ်မှူးဖြစ်ပြီး သူကစားနိုင်ခဲ့တာက ကောင်းပါတယ် ” လို့ ဖြေဆိုပေးခဲ့တယ်။

ဒီပွဲမှာတော့ စီနီယာပွဲထွက် လူစာရင်းကို စိန်ခေါ်နေတဲ့ ကစားသမားတွေဖြစ်တဲ့ ဂျုံး၊ ချိန်ဘာလိန်၊ မီနာမီနို၊ အိုရီဂီ၊ ဂိုးမက်စ်၊ ကိုစတက်နဲ့ နက်ဖီးလစ်တို့ကလည်း ပွဲကစားချိန်တွေ ရခဲ့ကြတာပါ။ ဒီလို ပွဲထိတွေ့ခွင့်က လာမယ့်ပွဲကြပ်တွေနဲ့ နောက်ထပ်သော ကာရာဘောင်း ပြိုင်ပွဲတွေအတွက် တွန်းအားကောင်း ဖြစ်လာဖို့ ရှိနေပါတယ်။

ကလော့ပ်ကပဲ ” ကောင်လေးတွေကို ပွဲကစားချိန် မိနစ်တွေ ပေးနိုင်ခဲ့တာကို ကျနော် သဘောကျပါတယ်။ ဒီပွဲကစားခွင့်ကနေ သူတို့ ကိုယ်ဘာသာ တည်ဆောက်မှုတွေ လုပ်ခဲ့နိုင်ပါတယ်။ ဘယ်သူ တဦးတယောက်မှလည်း ဒဏ်ရာမရခဲ့တာကြောင့် ပြည့်စုံတဲ့ ညခြမ်း ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ် ” ဆိုပြီး ပြောဆိုသွားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ယူႏုိက္တက္ကို ၅-၀ ျဖင့္ အႏုိင္ရတဲ့ပြဲ လူစာရင္းကို ပြဲထြက္ ၁၁ ဦးလံုး အေျပာင္းအလဲ လုပ္ထားတဲ့ လူစာရင္းျဖင့္ ပရက္စတန္ကို ယွဥ္ျပိဳင္ခဲ့ပါတယ္။

ပြဲခ်ိန္ ဒုတိယပိုင္းမွာေတာ့ မန္ေနဂ်ာကေလာ့ပ္က မာတစ္ အစား နက္ဖီးလစ္ကို လူစားဝင္ ကစားေစခဲ့တယ္။ ယူႏုိက္တက္ပြဲမွာ ပါဝင္ခြင့္ မရထားတဲ့ မာတစ္ကို ပံုစံေကာင္းမွာ ဆက္ရွိေနေစဖို႔ရာ ၄၅ မိနစ္ ပါဝင္ကစားေစခဲ့တာျဖစ္ျပီး ဒဏ္ရာျပႆနာေၾကာင့္ လူစားလဲတာ မဟုတ္ပါဘူးလို႔ မန္ေနဂ်ာၾကီးက ပြဲအျပီးမွာ လီဗာပူးအသင္း ဝဘ္ဆိုဒ္ကို ေျဖဆိုေပးပါတယ္။

ယာဂင္က ရွင္းျပရာမွာ “ မာတစ္က ဒီလိုလုပ္ေပးဖို႔ လိုပါတယ္။ သူက ဒဏ္ရာရတာ မဟုတ္ပါဘူး။ မာတစ္ရဲ႕ ရစ္သမ္ကို ဆက္ထိန္းထားႏုိင္ေရးအတြက္ က်ေန္ာတို႔က သူ႔ကို ၄၅ မိနစ္ ကစားလိုရေအာင္ပဲ စီစဥ္ေပးခဲ့တာပါ။ သူ႔အတြက္ ဒီလိုကိစၥေတြ လုပ္ေပးဖို႔ လိုအပ္လို႔ ျဖစ္ပါတယ္။

မာတစ္ကို လူစားလဲမယ္ဆိုရင္ နက္ဖီးလစ္ ဝင္လာရမယ္ဆိုတာကေတာ့ ရွင္းပါတယ္။ ဖီးလစ္က အရမ္းကို ၾကံ႕ခိုင္မႈ ေကာင္းေနျပီး ေလ့က်င့္ေရးမွာလည္း အေကာင္းဆံုး လုပ္ေနပါတယ္။ ဒါကို အားလံုးလည္း ျမင္ၾကပါလိမ့္မယ္။ ဖီးလစ္က ထိပ္တန္း ခံစစ္မွဴးျဖစ္ျပီး သူကစားႏုိင္ခဲ့တာက ေကာင္းပါတယ္ ” လို႔ ေျဖဆိုေပးခဲ့တယ္။

ဒီပြဲမွာေတာ့ စီနီယာပြဲထြက္ လူစာရင္းကို စိန္ေခၚေနတဲ့ ကစားသမားေတြျဖစ္တဲ့ ဂ်ံဳး၊ ခ်ိန္ဘာလိန္၊ မီနာမီႏို၊ အိုရီဂီ၊ ဂိုးမက္စ္၊ ကိုစတက္နဲ႔ နက္ဖီးလစ္တို႔ကလည္း ပြဲကစားခ်ိန္ေတြ ရခဲ့ၾကတာပါ။ ဒီလို ပြဲထိေတြ႔ခြင့္က လာမယ့္ပြဲၾကပ္ေတြနဲ႔ ေနာက္ထပ္ေသာ ကာရာေဘာင္း ျပိဳင္ပြဲေတြအတြက္ တြန္းအားေကာင္း ျဖစ္လာဖို႔ ရွိေနပါတယ္။

ကေလာ့ပ္ကပဲ ” ေကာင္ေလးေတြကို ပြဲကစားခ်ိန္ မိနစ္ေတြ ေပးႏုိင္ခဲ့တာကို က်ေနာ္ သေဘာက်ပါတယ္။ ဒီပြဲကစားခြင့္ကေန သူတို႔ ကိုယ္ဘာသာ တည္ေဆာက္မႈေတြ လုပ္ခဲ့ႏုိင္ပါတယ္။ ဘယ္သူ တဦးတေယာက္မွလည္း ဒဏ္ရာမရခဲ့တာေၾကာင့္ ျပည့္စံုတဲ့ ညျခမ္း ျဖစ္ခဲ့တယ္လို႔ ဆိုရပါမယ္ ” ဆိုျပီး ေျပာဆိုသြားပါတယ္။