လီဗာပူးညာအစွန်လူ ထရန့်က ဝက်ဟမ်းပွဲမှာ ပေးဂိုး ၃ ဂိုးရှိတဲ့ အနေအထားတွေကို ပြန်လည် ပြင်ဆင်နိုင်အောင် ကြိုးစားရပါမယ်လို့ ထုတ်ပြောလာပါတယ်။

လီဗာပူးဟာ ၃ ကြိမ်တိုင် ဦးဆောင်ဂိုး ပေးရတာဖြစ်ပြီး ခြေပဂိုး အားလုံး ပြန်ရဖို့ နီစပ်ခဲ့ပေမယ့် ထရန့်ရဲ့ ဖရီးကစ်ဂိုး၊ အိုရီဂီရဲ့ ဧရိယာအတွင်း တစ်ပတ်လှည်ဂိုးတွေပဲ ရခဲ့သလို အရေးနိမ့်ခဲ့တာဖြစ်တယ်။ ဒီလို စွမ်းဆောင်ရည်နဲ့ဆိုရင် ခရစ္စမတ်မှာ လီဗာပူးက ခံစားသွားရနိုင်တယ်လို့ ထရန့်က မြင်ပါတယ်။

ထရန့်က ” ကြီးမားတဲ့ နိမ့်ကျမှုပါ။ ဒီလိုပွဲက ကျနေ်ာတို့ နိုင်နိုင်တဲ့၊ ကျနေ်ာတို့မှာ ရှိတဲ့ အရည်အချင်းနဲ့ဆိုရင် နိုင်လည်း နိုင်သင့်တဲ့ ပွဲတစ်ပွဲပါ။ ကျနေ်ာတို့ ယှဉ်ပြိုင်ရတဲ့ ပွဲအားလုံးကို အနိုင်ရအောင် လုပ်နိုင်သင့်တာ ဖြစ်ပါတယ်။

နောက်ဆုံးမိနစ်တွေမှာ အခွင့်အရေးကြီးတွေ ရခဲ့ပါတယ်။ မာနေးအတွက် အခွင့်အရေးကြီး ရခဲ့တယ်။ ကျနေ်ာတို့ ရှင်းလင်းတဲ့ အခွင့်အရေးတွေ အများကြီးကို မလုပ်နိုင်ခဲ့ပါဘူး။ အဖွင့်ဂိုး ပေးလိုက်ရတာက မရှင်းလင်းပါဘူး။ မပေးတာမျိုးလည်း ဖြစ်နိုင်ပေမယ့် ဒုတိယဂိုးကတော့ သူတို့ အကောင်းဆုံး လုပ်သွားတာပါ။

ဒီအပိုင်းတွေမှာ ကျနော်တို့ ကြိုးစားဖို့ လိုပါတယ်။ အသင်းတွေက ဒါကို အားနည်းချက်အဖြစ် ကြည့်လာကြမှာပါ။ ကျနေ်ာတို့က ဘောလုံးရာသီရဲ့ အဓိက ကာလကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ ခရစ္စမတ်ကာလဟာ စွမ်းဆောင်ရည် ညံ့ဖျင်းရင် ကြီးကြီးမားမား ပေးဆပ်ရမယ့် ကာလလည်း ဖြစ်ပါတယ်။ ကျနေ်ာတို့ ကြိုးစားပြီး ရှေ့ဆက်ဖို့ လိုပါတယ် ” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီပွဲကို အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၄ နေရာ ရောက်သွားခဲ့သလို ထိပ်ဆုံးက ချယ်ဆီးနဲ့လည်း ၄ မှတ် ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးညာအစြန္လူ ထရန္႔က ဝက္ဟမ္းပြဲမွာ ေပးဂိုး ၃ ဂိုးရွိတဲ့ အေနအထားေတြကို ျပန္လည္ ျပင္ဆင္ႏုိင္ေအာင္ ၾကိဳးစားရပါမယ္လို႔ ထုတ္ေျပာလာပါတယ္။

လီဗာပူးဟာ ၃ ၾကိမ္တိုင္ ဦးေဆာင္ဂိုး ေပးရတာျဖစ္ျပီး ေျခပဂိုး အားလံုး ျပန္ရဖို႔ နီစပ္ခဲ့ေပမယ့္ ထရန္႔ရဲ႕ ဖရီးကစ္ဂိုး၊ အိုရီဂီရဲ႕ ဧရိယာအတြင္း တစ္ပတ္လွည္ဂိုးေတြပဲ ရခဲ့သလို အေရးနိမ့္ခဲ့တာျဖစ္တယ္။ ဒီလို စြမ္းေဆာင္ရည္နဲ႔ဆိုရင္ ခရစၥမတ္မွာ လီဗာပူးက ခံစားသြားရႏုိင္တယ္လို႔ ထရန္႔က ျမင္ပါတယ္။

ထရန္႔က ” ၾကီးမားတဲ့ နိမ့္က်မႈပါ။ ဒီလိုပြဲက က်ေန္ာတို႔ ႏုိင္ႏုိင္တဲ့၊ က်ေန္ာတို႔မွာ ရွိတဲ့ အရည္အခ်င္းနဲ႔ဆိုရင္ ႏုိင္လည္း ႏုိင္သင့္တဲ့ ပြဲတစ္ပြဲပါ။ က်ေန္ာတို႔ ယွဥ္ျပိဳင္ရတဲ့ ပြဲအားလံုးကို အႏုိင္ရေအာင္ လုပ္ႏုိင္သင့္တာ ျဖစ္ပါတယ္။

ေနာက္ဆံုးမိနစ္ေတြမွာ အခြင့္အေရးၾကီးေတြ ရခဲ့ပါတယ္။ မာေနးအတြက္ အခြင့္အေရးၾကီး ရခဲ့တယ္။ က်ေန္ာတို႔ ရွင္းလင္းတဲ့ အခြင့္အေရးေတြ အမ်ားၾကီးကို မလုပ္ႏုိင္ခဲ့ပါဘူး။ အဖြင့္ဂိုး ေပးလိုက္ရတာက မရွင္းလင္းပါဘူး။ မေပးတာမ်ိဳးလည္း ျဖစ္ႏုိင္ေပမယ့္ ဒုတိယဂိုးကေတာ့ သူတို႔ အေကာင္းဆံုး လုပ္သြားတာပါ။

ဒီအပိုင္းေတြမွာ က်ေနာ္တို႔ ၾကိဳးစားဖို႔ လိုပါတယ္။ အသင္းေတြက ဒါကို အားနည္းခ်က္အျဖစ္ ၾကည့္လာၾကမွာပါ။ က်ေန္ာတို႔က ေဘာလံုးရာသီရဲ႕ အဓိက ကာလကို ေက်ာ္ျဖတ္ရမွာ ျဖစ္ပါတယ္။ ခရစၥမတ္ကာလဟာ စြမ္းေဆာင္ရည္ ညံ့ဖ်င္းရင္ ၾကီးၾကီးမားမား ေပးဆပ္ရမယ့္ ကာလလည္း ျဖစ္ပါတယ္။ က်ေန္ာတို႔ ၾကိဳးစားျပီး ေရွ႔ဆက္ဖို႔ လိုပါတယ္ ” လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဒီပြဲကို အေရးနိမ့္ခဲ့တာေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၄ ေနရာ ေရာက္သြားခဲ့သလို ထိပ္ဆံုးက ခ်ယ္ဆီးနဲ႔လည္း ၄ မွတ္ ကြာဟသြားခဲ့ျပီျဖစ္ပါတယ္။