ဘုန်းမောက်မန်နေဂျာဟောင်း ဟိုဝီဟာ နယူးကာဆယ်ကို ၂၀၂၄ ခုနှစ်ထိ စတင် ကိုင်တွယ်ကြောင်းကို မနေ့ညပိုင်းက တရားဝင် ကြေညာခဲ့ပြီဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ် ဟိုဝီဟာ နယူးကာဆယ်မှာတော့ မန်နေဂျာရာထူးကို တာဝန်ယူခြင်း မဟုတ်ဘဲ နည်းပြချုပ် ရာထူးကိုပဲ ရယူသွားရမှာဖြစ်တယ်။ ဒါကြောင့် ကလပ်ရဲ့ လုပ်ငန်းစဉ် အားလုံးကို တာဝန်ယူခွင့် မရှိဘဲ ကစားသမား ခေါ်ယူမှုလို အရေးပါတဲ့ ကိစ္စတွေကိုတော့ အားကစားဒါရိုက်တာ တစ်ဦးက တာဝန်ယူသွားမယ်လို့ သိရပါတယ်။

ဘုန်းမောက်ကနေ ထွက်ခွာပြီးနောက်မှာ ဟိုဝီဟာ သူ့ကိုယ်သူ ပရိုမိုးရှင်း ဆင်နေခြင်း မရှိဘဲ မိသားစုနဲ့ပဲ အချိန်ပိုပေးခဲ့တယ်။ အဓိကအားဖြင့် သူ့ရဲ့ နည်းပြ နှစ်ဦးနဲ့အတူ ပွဲနေ့တွေကို Live ကြည့်ကာ ဘုန်းမောက်မှာ သူကျရှုံးခဲ့တဲ့ တိုက်စစ်နည်းစနစ်တွေအတွက် သင်ယူလေ့လာမှုတွေ ပြုလုပ်နေခဲ့ပါတယ်။

ဒီကာလတွေအတွင်း ဟိုဝီဟာ စပိန်ကလပ် အက်သလက်တီကိုထံသွားပြီး အာဂျင်တီးနား မန်နေဂျာထံက ကစားဟန် အချို့ကို လေ့လာခဲ့တယ်။ မက်ဒရစ်အခြေစိုက်ကလပ် ဗယ်လာကာနိုထံ သွားရောက်ပြီးလည်း လေ့လာခဲ့ပါတယ်။

တယ်လီဂရပ်က ဖော်ပြရာမှာ ဟိုဝီဟာ လီဗာပူးရဲ့ အက်ဆာ လေ့ကျင့်ရေးမှာလည်း ၂ ရက်ကြာ အချိန်ယူခဲ့ပြီး ကစားသမား ခေါ်ယူမှုပိုင်းအတွက် နည်းစနစ်ဒါရိုက်တာ မိုက်ကယ်အတ်ဝပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရတယ်။

ဟိုဝီဟာ ပိုစ့်မောက်အသင်းမှာ ကစားသမား၊ စိစစ်ရေးသမားအဖြစ် အတ်ဝပ် လုပ်ကိုင်ခဲ့စဉ်တည်းက ပတ်သက်ခဲ့ကြသူတွေဖြစ်တယ်။ အတ်ဝပ်ရဲ့ စာချုပ် ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်လို့ သူကလည်း နယူးကာဆယ်ရဲ့ ကာလရှည် စောင့်ကြည့်မှုထဲ ပါဝင်နေပါတယ်။

ဟိုဝီဟာ လီဗာပူးအကယ်ဒမီဒါရိုက်တာ အဲလက်စ်နဲ့ တွေ့ဆုံခဲ့ကာ ဘဏ္ဍာရေးဆိုင်ရာ အသာစီးမရှိမှုကနေ မန်စီးတီးကို တည်တည်ငြိမ်ငြိမ် ယှဉ်ပြိုင်နိုင်ရေးအတွက် ကလပ်ရဲ့ တည်ဆောက်ပုံတွေနဲ့ ပတ်သက်လို့လည်း လေ့လာခဲ့တယ်လို့ သိရတယ်။

ဟိုဝီကိုယ်တိုင်က မိုက်ကယ်အတ်ဝပ်နဲ့ အလုပ်တွဲလုပ်ဖို့ကို စိတ်အားထက်သန်ပေမယ့် နယူးကာဆယ်ဘက်ကတော့ ဟိုဝီကို နည်းပြချုပ်အဖြစ် တာဝန်ပေးပြီးတဲ့နောက် ချယ်ဆီး နည်းစနစ်ဒါရိုက်တာဟောင်း အီမန်နာလိုကို ပိုမို အလေးပေး ချဉ်းကပ်နေတယ်လို့ သိရတယ်။

ဟိုဝီဟာ ဘုန်းမောက်မန်နေဂျာအဖြစ်မှာတင် လီဗာပူးနဲ့ ဆက်ဆံရေးကောင်းခဲ့သူဖြစ်လို့ နယူးကာဆယ်ကို သူတာဝန်ယူမှုမှာ လီဗာပူးအသင်းရဲ့ ကစားသမားအချို့ကို ခေါ်ယူနိုင်သလို သူနဲ့ ဘောလုံးအမြင်ပိုင်းတွေ ဆွေးနွေးဖူးတဲ့ မိုက်ကယ်အတ်ဝပ်ကိုလည်း ထောက်ခံပေးသွားနိုင်တယ်လို့ သိရပါတယ်။

ZAWGYI

ဘုန္းေမာက္မန္ေနဂ်ာေဟာင္း ဟိုဝီဟာ နယူးကာဆယ္ကို ၂၀၂၄ ခုႏွစ္ထိ စတင္ ကိုင္တြယ္ေၾကာင္းကို မေန႔ညပိုင္းက တရားဝင္ ေၾကညာခဲ့ျပီျဖစ္ပါတယ္။

အသက္ ၄၃ ႏွစ္အရြယ္ ဟိုဝီဟာ နယူးကာဆယ္မွာေတာ့ မန္ေနဂ်ာရာထူးကို တာဝန္ယူျခင္း မဟုတ္ဘဲ နည္းျပခ်ဳပ္ ရာထူးကိုပဲ ရယူသြားရမွာျဖစ္တယ္။ ဒါေၾကာင့္ ကလပ္ရဲ႕ လုပ္ငန္းစဥ္ အားလံုးကို တာဝန္ယူခြင့္ မရွိဘဲ ကစားသမား ေခၚယူမႈလို အေရးပါတဲ့ ကိစၥေတြကိုေတာ့ အားကစားဒါရိုက္တာ တစ္ဦးက တာဝန္ယူသြားမယ္လို႔ သိရပါတယ္။

ဘုန္းေမာက္ကေန ထြက္ခြာျပီးေနာက္မွာ ဟိုဝီဟာ သူ႔ကိုယ္သူ ပရိုမိုးရွင္း ဆင္ေနျခင္း မရွိဘဲ မိသားစုနဲ႔ပဲ အခ်ိန္ပိုေပးခဲ့တယ္။ အဓိကအားျဖင့္ သူ႔ရဲ႕ နည္းျပ ႏွစ္ဦးနဲ႔အတူ ပြဲေန႔ေတြကို Live ၾကည့္ကာ ဘုန္းေမာက္မွာ သူက်ရွံဳးခဲ့တဲ့ တိုက္စစ္နည္းစနစ္ေတြအတြက္ သင္ယူေလ့လာမႈေတြ ျပဳလုပ္ေနခဲ့ပါတယ္။

ဒီကာလေတြအတြင္း ဟိုဝီဟာ စပိန္ကလပ္ အက္သလက္တီကိုထံသြားျပီး အာဂ်င္တီးနား မန္ေနဂ်ာထံက ကစားဟန္ အခ်ိဳ႔ကို ေလ့လာခဲ့တယ္။ မက္ဒရစ္အေျခစိုက္ကလပ္ ဗယ္လာကာႏိုထံ သြားေရာက္ျပီးလည္း ေလ့လာခဲ့ပါတယ္။

တယ္လီဂရပ္က ေဖာ္ျပရာမွာ ဟိုဝီဟာ လီဗာပူးရဲ႕ အက္ဆာ ေလ့က်င့္ေရးမွာလည္း ၂ ရက္ၾကာ အခ်ိန္ယူခဲ့ျပီး ကစားသမား ေခၚယူမႈပိုင္းအတြက္ နည္းစနစ္ဒါရိုက္တာ မိုက္ကယ္အတ္ဝပ္နဲ႔ ေဆြးေႏြးခဲ့တယ္လို႔ သိရတယ္။

ဟိုဝီဟာ ပိုစ့္ေမာက္အသင္းမွာ ကစားသမား၊ စိစစ္ေရးသမားအျဖစ္ အတ္ဝပ္ လုပ္ကိုင္ခဲ့စဥ္တည္းက ပတ္သက္ခဲ့ၾကသူေတြျဖစ္တယ္။ အတ္ဝပ္ရဲ႕ စာခ်ဳပ္ ၂၀၂၂ ခုနွစ္မွာ ကုန္ဆံုးမွာျဖစ္လို႔ သူကလည္း နယူးကာဆယ္ရဲ႕ ကာလရွည္ ေစာင့္ၾကည့္မႈထဲ ပါဝင္ေနပါတယ္။

ဟိုဝီဟာ လီဗာပူးအကယ္ဒမီဒါရိုက္တာ အဲလက္စ္နဲ႔ ေတြ႔ဆံုခဲ့ကာ ဘ႑ာေရးဆိုင္ရာ အသာစီးမရွိမႈကေန မန္စီးတီးကို တည္တည္ျငိမ္ျငိမ္ ယွဥ္ျပိဳင္ႏုိင္ေရးအတြက္ ကလပ္ရဲ႕ တည္ေဆာက္ပံုေတြနဲ႔ ပတ္သက္လို႔လည္း ေလ့လာခဲ့တယ္လို႔ သိရတယ္။

ဟိုဝီကိုယ္တုိင္က မိုက္ကယ္အတ္ဝပ္နဲ႔ အလုပ္တြဲလုပ္ဖို႔ကို စိတ္အားထက္သန္ေပမယ့္ နယူးကာဆယ္ဘက္ကေတာ့ ဟိုဝီကို နည္းျပခ်ဳပ္အျဖစ္ တာဝန္ေပးျပီးတဲ့ေနာက္ ခ်ယ္ဆီး နည္းစနစ္ဒါရိုက္တာေဟာင္း အီမန္နာလိုကို ပိုမို အေလးေပး ခ်ဥ္းကပ္ေနတယ္လို႔ သိရတယ္။

ဟိုဝီဟာ ဘုန္းေမာက္မန္ေနဂ်ာအျဖစ္မွာတင္ လီဗာပူးနဲ႔ ဆက္ဆံေရးေကာင္းခဲ့သူျဖစ္လို႔ နယူးကာဆယ္ကို သူတာဝန္ယူမႈမွာ လီဗာပူးအသင္းရဲ႕ ကစားသမားအခ်ိဳ႔ကို ေခၚယူႏုိင္သလို သူနဲ႔ ေဘာလံုးအျမင္ပိုင္းေတြ ေဆြးေႏြးဖူးတဲ့ မိုက္ကယ္အတ္ဝပ္ကိုလည္း ေထာက္ခံေပးသြားႏုိင္တယ္လို႔ သိရပါတယ္။