လီဗာပူးကစားသမားဟောင်း ကိုလီမိုးက ဘယ်ခြမ်းအတွက် ပွဲထွက်လူစာရင်းကို ရွေးရာမှာ အတိတ်ထက် လက်ရှိ ခြေစွမ်းအရပဲ ရွေးချယ်ဖို့ ယာဂင်ကလော့ပ်ကို တိုက်တွန်းလိုက်ပါတယ်။

အက်သလက်တီကိုပွဲမှာ ပွဲထွက်လူစာရင်းက ချန်လှပ်ခံထားရတဲ့ ရိုဘိုဟာ ဝက်ဟမ်းပွဲမှာ ပြန်လည် ပွဲထွက်ခဲ့ပေမယ့်လို့ အင်ပြည့်အားပြည့် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲအတွင်း သူ့ရဲ့ ဖြတ်တင်ဘောတွေဟာ အတော်လေးကို အသုံးမဝင်တဲ့ အနေအထားတွေ မြင်ခဲ့ရတယ်။

ကိုလီမိုးကတော့ လေ့ကျင့်ရေး စွမ်းဆောင်ရည်တွေမှာ ကိုစတက်က ပိုကောင်းနေခဲ့ရင် (သို့) ရိုဘိုမှာ ကြံ့ခိုင်မှု ပြဿနာရှိနေရင် ပွဲထွက်လူစာရင်းကနေ ရိုဘိုကို ချန်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။

စတန်ကိုလီမိုးက ” ရိုဘိုကို စိတ်ပျက်မိပါတယ်။ သူက ညာခြမ်းမှာ လူငယ် ရော်ကီ ကစားသမားလေးနဲ့ ရင်ဆိုင်ကစားခဲ့ရတယ်။ သူက ဘယ်ခြမ်းမှာ စိတ်ကြိုက်အဖြစ် တိုက်စစ်လိုက်ပါခွင့်လည်း ရခဲ့ပါတယ်။ ခံစစ်ကို ကျော်ဖြတ်ခြင်း မလုပ်ဘဲ ဖြတ်တင်ဘောတွေ ပေးပို့ခဲ့တယ်။

ဒီပွဲမှာ ထရန့်ရဲ့ စွမ်းဆောင်ရည်ကို (၉/၁၀) ပေးမယ်ဆိုရင် ရိုဘိုကတော့ (၄/၁၀) လောက်ပဲ ရပါလိမ့်မယ်။ ရိုဘို အခုလို ခြေစွမ်း ကျဆင်းနေတာက ဒဏ်ရာကြောင့်လားဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ အကယ်လို့ ကိုစတက်က ရိုဘိုထက် ကစားတာ ပိုကောင်းနေတယ်ဆိုရင်တော့ ကိုစတက်ကိုပဲ ပွဲကစားခွင့် ပေးလိုက်ပါ ” လို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ယူနိုက်တက်ကို ၅-၀ ဖြင့် အနိုင်ရတဲ့နောက်ပိုင်း ဘရိုက်တန်ကို ၂-၂ သရေကျသလို ဝက်ဟမ်းကို ၃-၂ ဖြင့် အရေးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္း ကိုလီမိုးက ဘယ္ျခမ္းအတြက္ ပြဲထြက္လူစာရင္းကို ေရြးရာမွာ အတိတ္ထက္ လက္ရွိ ေျခစြမ္းအရပဲ ေရြးခ်ယ္ဖို႔ ယာဂင္ကေလာ့ပ္ကို တိုက္တြန္းလိုက္ပါတယ္။

အက္သလက္တီကိုပြဲမွာ ပြဲထြက္လူစာရင္းက ခ်န္လွပ္ခံထားရတဲ့ ရိုဘိုဟာ ဝက္ဟမ္းပြဲမွာ ျပန္လည္ ပြဲထြက္ခဲ့ေပမယ့္လို႔ အင္ျပည့္အားျပည့္ ကစားႏုိင္ခဲ့ျခင္း မရွိပါဘူး။ ပြဲအတြင္း သူ႔ရဲ႕ ျဖတ္တင္ေဘာေတြဟာ အေတာ္ေလးကို အသံုးမဝင္တဲ့ အေနအထားေတြ ျမင္ခဲ့ရတယ္။

ကိုလီမိုးကေတာ့ ေလ့က်င့္ေရး စြမ္းေဆာင္ရည္ေတြမွာ ကိုစတက္က ပိုေကာင္းေနခဲ့ရင္ (သို႔) ရိုဘိုမွာ ၾကံ႕ခိုင္မႈ ျပႆနာရွိေနရင္ ပြဲထြက္လူစာရင္းကေန ရိုဘိုကို ခ်န္ထားဖို႔ တိုက္တြန္းခဲ့ပါတယ္။

စတန္ကိုလီမိုးက ” ရိုဘိုကို စိတ္ပ်က္မိပါတယ္။ သူက ညာျခမ္းမွာ လူငယ္ ေရာ္ကီ ကစားသမားေလးနဲ႔ ရင္ဆိုင္ကစားခဲ့ရတယ္။ သူက ဘယ္ျခမ္းမွာ စိတ္ၾကိဳက္အျဖစ္ တိုက္စစ္လိုက္ပါခြင့္လည္း ရခဲ့ပါတယ္။ ခံစစ္ကို ေက်ာ္ျဖတ္ျခင္း မလုပ္ဘဲ ျဖတ္တင္ေဘာေတြ ေပးပို႔ခဲ့တယ္။

ဒီပြဲမွာ ထရန္႔ရဲ႕ စြမ္းေဆာင္ရည္ကို (၉/၁၀) ေပးမယ္ဆိုရင္ ရိုဘိုကေတာ့ (၄/၁၀) ေလာက္ပဲ ရပါလိမ့္မယ္။ ရိုဘို အခုလို ေျခစြမ္း က်ဆင္းေနတာက ဒဏ္ရာေၾကာင့္လားဆိုတာ က်ေနာ္တို႔ မသိႏုိင္ပါဘူး။ အကယ္လို႔ ကိုစတက္က ရိုဘိုထက္ ကစားတာ ပိုေကာင္းေနတယ္ဆိုရင္ေတာ့ ကိုစတက္ကိုပဲ ပြဲကစားခြင့္ ေပးလိုက္ပါ ” လို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ယူႏုိက္တက္ကို ၅-၀ ျဖင့္ အႏုိင္ရတဲ့ေနာက္ပိုင္း ဘရိုက္တန္ကို ၂-၂ သေရက်သလို ဝက္ဟမ္းကို ၃-၂ ျဖင့္ အေရးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။