ညာအစွန်လူထရန့်က လီဗာပူးအသင်းအတွက် သူလုပ်ပေးထားနိုင်တဲ့ ဂိုးထောက်ပံ့မှုတွေထဲကမှ အကြိုက်ဆုံး ဂိုးထောက်ပံ့ပေးမှုကို ရွေးထုတ်သွားခဲ့ပါတယ်။

အဲ့တာက ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ၄-၀ ဖြင့် အနိုင်ရခဲ့စဉ် အိုရီဂီအတွက် ဖန်တီးပေးတဲ့ ထောင့်ကန်ဘော မဟုတ်ခဲ့ဘဲ လီဗာပူးအသင်းကို ဆာလာ ရောက်ရှိလာခဲ့တဲ့ ပထမဆုံးနှစ်နဲ့ သူ့ရဲ့ စီနီယာကစားသမားဘဝ ပထမဆုံးနှစ်ဖြစ်တဲ့ ၂၀၁၇-၂၀၁၈ တုန်းက ပွဲစဉ် တစ်ခုမှာ လုပ်ပြခဲ့တဲ့ ထောက်ပံ့မှုပဲ ဖြစ်ပါတယ်။

ထရန့်က ပြောပြရာမှာ ” ကျနေ်ာနဲ့ ဆာလာကြားမှာ ကောင်းမွန်ပြီး နားလည်နိုင်တဲ့ ဆက်ဆံရေးကောင်းရှိထားပေမယ့်လို့ အဲ့တာက ပြောင်းလဲလာတာ သေချာပါတယ်။ အစောပိုင်း နှစ်တွေက ဆာလာရဲ့ ပြေးနှုန်းတွေကို အားပြုကစားဖို့ ဖြစ်ခဲ့ပေမယ့် အခုတော့ ပိုပြီး အသေးစိတ်ကျကျ ကစားလာနိုင်ပါပြီ။ ကျနေ်ာတို့က ဆာလာရဲ့ မြန်းနှုန်းနဲ့လည်း ကစားနေဆဲပါပဲ။

ကျနေ်ာတို့ နှစ်ယောက်လုံးက အခွင့်အရေးတွေ ဖန်တီးပြီး ဂိုးတွေ သွင်းလိုတယ်၊ ဖန်တီးလိုတယ်၊ ပွဲတွေကို အနိုင်ရလိုပါတယ်။ ကစားပွဲတွေအပေါ် လွှမ်းမိုးနိုင်စွမ်းကိုလည်း ပြသထားနိုင်တယ်။ ဒီရာသီမှာ အသင်းအတွက် ညာခြမ်းကနေ ကောင်းကောင်းကြီး အလုပ်ဖြစ်နေစေပါတယ်။

ပုဂ္ဂိုလ်ရေးအရ အကောင်းဆုံး ဂိုးထောက်ပံ့မှုကို ရွေးရမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ ဆာလာကို ပထမဆုံးအကြိမ် ဖန်တီးပေးနိုင်ခဲ့တဲ့ ကိစ္စကို ရွေးလိုပါတယ်။ ဟိုးအရင်နှစ်တွေက ဘုန်းမောက်နဲ့ပွဲမှာ ဆာလာအတွက် ဖန်တီးပေးခဲ့မှုပါ ” လို့ ပြန်ဖြေသွားခဲ့တယ်။

အဆိုပါပွဲဟာ ၂၀၁၈ ဧပရယ်လတုန်းက ကစားခဲ့တာဖြစ်ပြီး လီဗာပူးက အိမ်ကွင်းမှာ ဘုန်းမောက်ကို ၃-၀ ဖြင့် အနိုင်ရခဲ့တာပါ။ ထရန့်ဟာ ကွင်းလယ်စည်းကနေ ဧရိယာထဲကို ဘောလုံး မတင်ပေးခဲ့တာဖြစ်ပြီး ဆာလာက ဧရိယာထဲ ကျလာတဲ့ ဘောလုံးကို ခေါင်းနဲ့တိုက်ကာ သူ့ရဲ့ ၃၀ မြောက် ပရီးမီးယားလိဂ် သွင်းဂိုးကို ရယူခဲ့တာဖြစ်ပါတယ်။

ထပ်ပြီးလည်း ထရန့်က ဘာစီလိုနာကို ဂိုးသွင်းဖို့ အိုရီဂီကို ဖန်တီးပေးတဲ့ ထောင့်ကန်ဘောနဲ့ အယ်လီဆန် ခေါင်းခုန်တိုက်ဖို့ ထောင့်ကန်ဘော ပေးခဲ့မှုတွေကိုလည်း အကြိုက်ဆုံး ဖန်တီးမှုအဖြစ် ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ညာအစြန္လူထရန္႔က လီဗာပူးအသင္းအတြက္ သူလုပ္ေပးထားႏုိင္တဲ့ ဂိုးေထာက္ပံ့မႈေတြထဲကမွ အၾကိဳက္ဆံုး ဂိုးေထာက္ပံ့ေပးမႈကို ေရြးထုတ္သြားခဲ့ပါတယ္။

အဲ့တာက ခ်န္ပီယံလိဂ္မွာ ဘာစီလိုနာကို ၄-၀ ျဖင့္ အႏုိင္ရခဲ့စဥ္ အိုရီဂီအတြက္ ဖန္တီးေပးတဲ့ ေထာင့္ကန္ေဘာ မဟုတ္ခဲ့ဘဲ လီဗာပူးအသင္းကို ဆာလာ ေရာက္ရွိလာခဲ့တဲ့ ပထမဆံုးႏွစ္နဲ႔ သူ႔ရဲ႕ စီနီယာကစားသမားဘဝ ပထမဆံုးႏွစ္ျဖစ္တဲ့ ၂၀၁၇-၂၀၁၈ တုန္းက ပြဲစဥ္ တစ္ခုမွာ လုပ္ျပခဲ့တဲ့ ေထာက္ပံ့မႈပဲ ျဖစ္ပါတယ္။

ထရန္႔က ေျပာျပရာမွာ ” က်ေန္ာနဲ႔ ဆာလာၾကားမွာ ေကာင္းမြန္ျပီး နားလည္ႏုိင္တဲ့ ဆက္ဆံေရးေကာင္းရွိထားေပမယ့္လို႔ အဲ့တာက ေျပာင္းလဲလာတာ ေသခ်ာပါတယ္။ အေစာပိုင္း ႏွစ္ေတြက ဆာလာရဲ႕ ေျပးႏႈန္းေတြကို အားျပဳကစားဖို႔ ျဖစ္ခဲ့ေပမယ့္ အခုေတာ့ ပိုျပီး အေသးစိတ္က်က် ကစားလာႏုိင္ပါျပီ။ က်ေန္ာတို႔က ဆာလာရဲ႕ ျမန္းႏႈန္းနဲ႔လည္း ကစားေနဆဲပါပဲ။

က်ေန္ာတို႔ ႏွစ္ေယာက္လံုးက အခြင့္အေရးေတြ ဖန္တီးျပီး ဂိုးေတြ သြင္းလိုတယ္၊ ဖန္တီးလိုတယ္၊ ပြဲေတြကို အႏုိင္ရလိုပါတယ္။ ကစားပြဲေတြအေပၚ လႊမ္းမိုးႏုိင္စြမး္ကိုလည္း ျပသထားႏုိင္တယ္။ ဒီရာသီမွာ အသင္းအတြက္ ညာျခမ္းကေန ေကာင္းေကာင္းၾကီး အလုပ္ျဖစ္ေနေစပါတယ္။

ပုဂၢိဳလ္ေရးအရ အေကာင္းဆံုး ဂိုးေထာက္ပံ့မႈကို ေရြးရမယ္ဆိုရင္ ပရီးမီးယားလိဂ္မွာ ဆာလာကို ပထမဆံုးအၾကိမ္ ဖန္တီးေပးႏုိင္ခဲ့တဲ့ ကိစၥကို ေရြးလိုပါတယ္။ ဟိုးအရင္ႏွစ္ေတြက ဘုန္းေမာက္နဲ႔ပြဲမွာ ဆာလာအတြက္ ဖန္တီးေပးခဲ့့မႈပါ ” လို႔ ျပန္ေျဖသြားခဲ့တယ္။

အဆိုပါပြဲဟာ ၂၀၁၈ ဧပရယ္လတုန္းက ကစားခဲ့တာျဖစ္ျပီး လီဗာပူးက အိမ္ကြင္းမွာ ဘုန္းေမာက္ကို ၃-၀ ျဖင့္ အႏုိင္ရခဲ့တာပါ။ ထရန္႔ဟာ ကြင္းလယ္စည္းကေန ဧရိယာထဲကို ေဘာလံုး မတင္ေပးခဲ့တာျဖစ္ျပီး ဆာလာက ဧရိယာထဲ က်လာတဲ့ ေဘာလံုးကို ေခါင္းနဲ႔တိုက္ကာ သူ႔ရဲ႕ ၃၀ ေျမာက္ ပရီးမီးယားလိဂ္ သြင္းဂိုးကို ရယူခဲ့တာျဖစ္ပါတယ္။

ထပ္ျပီးလည္း ထရန္႔က ဘာစီလိုနာကို ဂိုးသြင္းဖို႔ အိုရီဂီကို ဖန္တီးေပးတဲ့ ေထာင့္ကန္ေဘာနဲ႔ အယ္လီဆန္ ေခါင္းခုန္တိုက္ဖို႔ ေထာင့္ကန္ေဘာ ေပးခဲ့မႈေတြကိုလည္း အၾကိဳက္ဆံုး ဖန္တီးမႈအျဖစ္ ေရြးခ်ယ္သြားခဲ့တာ ျဖစ္ပါတယ္။