လာမယ့် ဇန်နဝါရီ ဈေးကွက်မှာတော့ အက်စတွန်ဗီလာဟာ လီဗာပူး ခံစစ်မှူး ဂိုးမက်စ်ကို ရာသီဝက် အငှား ခေါ်ယူခွင့်အတွက် ကမ်းလှမ်းမှု လုပ်လိုနေတယ်လို့ သိရပါတယ်။

အက်စတွန်ဗီလာ မန်နေဂျာ စတီဗင်ဂျရတ်က လီဗာပူးမှာ နေရာမရဖြစ်နေတဲ့ ဂိုးမက်စ်ကို သူ့အသင်း ခံစစ်အတွက် အငှားခေါ်ယူလို့ ရမလားဆိုတာကို စမ်းသပ် ကမ်လှမ်းကြည့်ဖို့ ပြင်ဆင်နေတာဖြစ်တယ်။ နွေမှာ ကမ္ဘာဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းအတွက် ကစားခွင့်ရဖို့ ဂိုးမက်စ်က ပွဲကစားခွင့်တွေကို ရဖို့ လိုအပ်နေတဲ့ အခြေအနေဖြစ်ပါတယ်။

ကစားသမားရဲ့ လက်ရှိ အခြေအနေကို သူ့ရဲ့ ကိုယ်စားလှယ်တွေဘက်ကလည်း ကျေနပ်နေခြင်းတော့ မရှိပါဘူး။ ကလောပ့်ဟာ ဂိုးမက်စ်ကို အတော်လေး သဘောကျပေမယ့်လို့ ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်ခံစစ်သမားကို ဒီရာသီမှာ နေရာပေးနိုင်ခြင်း မရှိတာဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်တွေမှာ ဂိုးမက်စ် ဘောလုံးပြန်ကစားနိုင်ဖို့ ရှိလာပေမယ့် လက်ရှိ ခံစစ်ကြောင်းမှာတော့ မာတစ်နဲ့ ဗန်ဒိုက်ကို ဦးစားပေးအဖြစ် အသုံးပြုနေပြီး သူတို့နောက်မှာ ကိုနတေး ရှိနေတာပါ။ ဂိုးမက်စ်နဲ့ နက်ဖီးလစ်တို့ကတော့ ပွဲထွက်ခွင့်တွေ အတော်လေး နည်းပါးနေတာ ဖြစ်ပါတယ်။

မနှစ်ကရာသီ ခံစစ်ပိုင်းကြောင့် ဆုဖလား လမ်းကြောင်းတွေကနေ ထွက်ခဲ့ရတည်းက သင်ခန်းစာရသွားတဲ့ ကလော့ပ်ကတော့ သူ့ကစားသမားကို လက်လွတ်ခံမှာ မဟုတ်ဘူးလို့ လီဗာပူးအခြေစိုက် သတင်းဌာနက အခိုင်အမာ ဖော်ပြခဲ့တယ်။ ဂိုးမက်စ် ပွဲကစားခွင့်တွေ မရဖြစ်နေတာက သူ့ရဲ့ ဒဏ်ရာ ပြန်သက်သာလာဖို့ အချိန်ယူနေရခြင်းကြောင့်လို့ ဆိုပါတယ်။

ဂိုးမက်စ်ဟာ လီဗာပူးနည်းစနစ်နဲ့ အသားကျနေတဲ့ ကစားသမားဖြစ်ပြီး ဇန်နဝါရီမှာ အငှားချပေးဖို့ထက် ဖလားပြိုင်ပွဲတွေကနေ စတင်ကာ ဂိုးမက်စ်ကို နေရာပေးဖို့ပဲ ကလော့ပ်က စဉ်းစားထားဖွယ်ရှိတယ်လို့ မာဆေးဆိုဒ် သတင်းတွေကတော့ တုန့်ပြန်နေကြတာဖြစ်ပါတယ်။

ZAWGYI

လာမယ့္ ဇန္နဝါရီ ေစ်းကြက္မွာေတာ့ အက္စတြန္ဗီလာဟာ လီဗာပူး ခံစစ္မွဴး ဂိုးမက္စ္ကို ရာသီဝက္ အငွား ေခၚယူခြင့္အတြက္ ကမ္းလွမ္းမႈ လုပ္လိုေနတယ္လို႔ သိရပါတယ္။

အက္စတြန္ဗီလာ မန္ေနဂ်ာ စတီဗင္ဂ်ရတ္က လီဗာပူးမွာ ေနရာမရျဖစ္ေနတဲ့ ဂိုးမက္စ္ကို သူ႔အသင္း ခံစစ္အတြက္ အငွားေခၚယူလို႔ ရမလားဆိုတာကို စမ္းသပ္ ကမ္လွမ္းၾကည့္ဖို႔ ျပင္ဆင္ေနတာျဖစ္တယ္။ ေႏြမွာ ကမၻာဖလား ျပိဳင္ပြဲဝင္ အဂၤလန္အသင္းအတြက္ ကစားခြင့္ရဖို႔ ဂိုးမက္စ္က ပြဲကစားခြင့္ေတြကို ရဖို႔ လိုအပ္ေနတဲ့ အေျခအေနျဖစ္ပါတယ္။

ကစားသမားရဲ႕ လက္ရွိ အေျခအေနကို သူ႔ရဲ႕ ကိုယ္စားလွယ္ေတြဘက္ကလည္း ေက်နပ္ေနျခင္းေတာ့ မရွိပါဘူး။ ကေလာပ့္ဟာ ဂိုးမက္စ္ကို အေတာ္ေလး သေဘာက်ေပမယ့္လို႔ ဒဏ္ရာျပႆနာေၾကာင့္ အဂၤလန္ခံစစ္သမားကို ဒီရာသီမွာ ေနရာေပးႏုိင္ျခင္း မရွိတာျဖစ္ပါတယ္။

လာမယ့္ သီတင္းပတ္ေတြမွာ ဂိုးမက္စ္ ေဘာလံုးျပန္ကစားႏုိင္ဖို႔ ရွိလာေပမယ့္ လက္ရွိ ခံစစ္ေၾကာင္းမွာေတာ့ မာတစ္နဲ႔ ဗန္ဒိုက္ကို ဦးစားေပးအျဖစ္ အသံုးျပဳေနျပီး သူတို႔ေနာက္မွာ ကိုနေတး ရွိေနတာပါ။ ဂိုးမက္စ္နဲ႔ နက္ဖီးလစ္တို႔ကေတာ့ ပြဲထြက္ခြင့္ေတြ အေတာ္ေလး နည္းပါးေနတာ ျဖစ္ပါတယ္။

မႏွစ္ကရာသီ ခံစစ္ပိုင္းေၾကာင့္ ဆုဖလား လမ္းေၾကာင္းေတြကေန ထြက္ခဲ့ရတည္းက သင္ခန္းစာရသြားတဲ့ ကေလာ့ပ္ကေတာ့ သူ႔ကစားသမားကို လက္လြတ္ခံမွာ မဟုတ္ဘူးလို႔ လီဗာပူးအေျခစိုက္ သတင္းဌာနက အခိုင္အမာ ေဖာ္ျပခဲ့တယ္။ ဂိုးမက္စ္ ပြဲကစားခြင့္ေတြ မရျဖစ္ေနတာက သူ႔ရဲ႕ ဒဏ္ရာ ျပန္သက္သာလာဖို႔ အခ်ိန္ယူေနရျခင္းေၾကာင့္လို႔ ဆိုပါတယ္။

ဂိုးမက္စ္ဟာ လီဗာပူးနည္းစနစ္နဲ႔ အသားက်ေနတဲ့ ကစားသမားျဖစ္ျပီး ဇန္နဝါရီမွာ အငွားခ်ေပးဖို႔ထက္ ဖလားျပိဳင္ပြဲေတြကေန စတင္ကာ ဂိုးမက္စ္ကို ေနရာေပးဖို႔ပဲ ကေလာ့ပ္က စဥ္းစားထားဖြယ္ရွိတယ္လို႔ မာေဆးဆိုဒ္ သတင္းေတြကေတာ့ တုန္႔ျပန္ေနၾကတာျဖစ္ပါတယ္။