လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က နောဝစ်ချ် ဂိုးက တစ်သင်းလုံးကို လှုပ်နိုးလိုက်ပြီး ပွဲကို အလေးအနက် အာရုံစိုက်ကစားစေခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ လီဗာပူးဟာ ဒုတိယပိုင်း အစမှာတင် ဦးဆောင်ဂိုး ပေးလိုက်ရပြီး နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ဒီနောက်ပိုင်းမှာ လီဗာပူးအသင်း နောက်က လိုက်ကစားရတာမျိုး မြင်ရခဲပေမယ့် ဒီတစ်ကြိမ် အိမ်ကွင်းမှာ ရုန်းကန်ခဲ့ရကာ ပရိသတ်တွေရဲ့ အားပေးမှုကောင်းနဲ့အတူ နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

ခြေပဂိုးကို မာနေးက မြေမကျဘောကို တစ်ပတ်လှည် ကန်သွင်းပြီး ရယူခဲ့တာဖြစ်တယ်။ ကောင်တာ တိုက်စစ်ကနေ ဆာလာက ဦးဆောင်ဂိုး ရယူပေးခဲ့ပြီး လူးဝစ်ကပါ သူ့ လီဗာပူး ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ ၃-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။

နောက်ကနေ လိုက်ကစားရတာကို စိတ်ပျက်ပေမယ့်လို့ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတး နောဝစ်ချ်ရဲ့ သွင်းဂိုးဟာ လီဗာပူးအသင်းသားတွေကို အသိဝင်စေခဲ့တယ်လို ဟန်ဒါဆန်က ဝန်ခံတယ်။

” တကယ့် ပရီးမီးယားလိဂ် ပွဲကောင်း တစ်ပွဲပါ။ နောဝစ်ချ်က ဘောလုံး ကောင်းကောင်း ကစားသွားခဲ့တယ်။ ကျနေ်ာတို့ ၁-ဝ နဲ့ ကျန်ခဲ့ရတော့ စိတ်ပျက်ခဲ့ရတယ်။ ဒါပေမယ့် ကောင်းစွာ တုန့်ပြန်နိုင်ခဲ့ပါတယ်။ အရှိန်ကောင်း ပြန်ယူနိုင်တယ်၊ ဂိုးသွင်းနိုင်ခဲ့တယ်။ ပရိသတ် ထု ကလည်း လုံးဝ ကိုယ့်ဘက်မှာ ရှိနေတယ်။

(နောဝစ်ချ် ဂိုးက ) ကျနေ်ာတို့ကို လှုပ်နိုးနိုင်ခဲ့တယ် တကယ်ပါ။ ပွဲ ပထမပိုင်းမှာ ကျနေ်ာတို့ ၁ဂိုး ၂ဂိုးလောက် သွင်းနိုင်ခဲ့သင့်တာ။ ဒါပေမယ့် ကျနော်တို့ အခွင့်အရေးတွေ ယူဖို့ထက် သူတို့ကိုတောင် ပြန် အခွင့်ရေးတွေ ပေးခဲ့မိတယ်။

ကျနော်တို့ အပြောင်းအလဲတွေလည်း အများကြီး လုပ်ထားခဲ့တာပါ။ လန်းဆန်းတဲ့ သူတွေ ပါလာခဲ့တယ်။ ဒါက အတော် အထောက်ကူ ဖြစ်ခဲ့တယ် လို့ ကျနော် ထင်တယ်။ ” လို့ ဟန်ဒါဆန်က ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီပွဲ အနိုင်ရခြင်းကြောင့် မန်စီးတီးနဲ့ ပွဲတူ အနေအထားမှာ ၆ မှတ်ကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။