မန်စီးတီးအသင်းခေါင်းဆောင် ဂွမ်ဒိုဂန်က သူတို့အသင်းနဲ့ လီဗာပူးအသင်းကြား ရမှတ်တွေ နီးကပ်လာပေမယ့် အီသီဟက်မှာ ကစားရမယ့် ပွဲကောင်းတစ်ပွဲ ရှိနေသေးတာကို စိတ်သက်သာရာ ရနေပါတယ်။

ဒီနှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းဟာ အီသီဟက်မှာ နိုင်ပွဲတွေ မရထားပါဘူး။ ၂၀၁၅ မှာ ယှဉ်ပြိုင်ကစားတဲ့ ပွဲနောက်ပိုင်း အနိုင်မရဖူးတဲ့ မှတ်တမ်း ရှိထားပါတယ်။ ဂွမ်ဒိုဂန်က ဒီအချက်ကြောင့်ပဲ အိမ်ကွင်းပွဲမှာ ရလဒ်ကောင်းယူမယ်လို့ မျှော်လင့်ထားဟန် ရှိပါတယ်။

ဂွမ်ဒိုဂန်က “ ကျနော်တို့ ကယ်ဆယ်ခံရမယ်လို့ တွေးမိတယ်။ တစ်ပွဲလုံးကို ကြည့်မယ်ဆိုရင် ကျနေ်ာတို့က အနိုင်ရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာက တစ်ခါတလေ ရူးလောက်စရာ ကိစ္စတွေ ရှိတတ်ပြီး ဒီကနေ့ ကျနော်တို့ အမှားတွေ လုပ်မိပါတယ်။ ကျနေ်ာတို့ မှားလိုက်တဲ့ ဘောလုံးတွေက သူတို့ကို ကောင်းတာ ကစားခွင့်တွေ ပေးခဲ့ပြီး ပွဲကို အရေးနိမ့်စေခဲ့တယ်။

တခါတလေ ဒီလိုပွဲတွေ ရှိတတ်ပါတယ်။ ဒီလိုပွဲကနေ သင်ယူရမှာပါ။ ဒါက ကျနေ်ာတို့အတွက် လှုပ်နိုးလိုက်တာပါပဲ။ ခရီးရှည်ကြီး သွားရဦးမှာဖြစ်ပါတယ်။ ဒီအခြေအနေကို ကျနော်တို့ မရင်ဆိုင်ဖူးတာ မဟုတ်ပါဘူး။ ဒီနှစ်တွေမှာ လီဗာပူးက အမြဲတမ်း စိန်ခေါ်သူဖြစ်ခဲ့တယ်ဆိုတာ သိထားပါတယ်။

သူတို့က ယှဉ်ပြိုင်ဖို့ အမြဲတမ်း ရှိနေတာပါ။ သူတို့က ကျနေ်ာတို့တွေရဲ့ ဘဝတွေ ခက်ခဲသွားစေဖို့ ဖြစ်နိုင်သလောက် အစွမ်းကုန် ကြိုးစားမယ့် သူတွေပါ။ ကောင်းတဲ့ ကိစ္စကတော့ သူတို့ အီသီးဟက်ကို လာရောက် ယှဉ်ဆိုင်ရမယ့်ပွဲ ကစားရဖို့ ရှိနေသေးတာပါ။ ဒါပေမယ့် အဲ့မတိုင်ခင်လည်း ပွဲတွေ အများကြီး ရှိပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

နောဝစ်ချ်နိုင်ပွဲအပြီး ဆာလာကတော့ ” ကျနော်တို့ လုပ်နိုင်တဲ့ တစ်ပွဲချင်း အာရုံစိုက်မှုကိုပဲ ဂရုစိုက်သွားမယ်။ မန်စီးတီးကို ယှဉ်ဖို့ ဆိုရင် သူတို့က အချိန်တိုင်း ပွဲတွေ နိုင်နေမှာပါ။ ဒီတော့ ကိုယ့်ဘာသာ အာရုံစိုက်ဖို့ပဲ လိုပါတယ်။ ဘောလုံးရာသီ အဆုံးမှာမှ ဘယ်လို ဖြစ်လာမလဲ ကြည့်ရအောင်ပါ ” လို့ ပြောဆိုခဲ့ပါတယ်။