ဒီရာသီမှာ လီဗာပူးအသင်း ရနိုင်တဲ့ ဆုဖလားတွေထဲက တစ်လုံးကို ရခဲ့တာက အသင်းကို ဆုဖလားအောင်မြင်တဲ့ ဘောလုံးရာသီတွေတုန်းက စိတ်ဓါတ်ပိုင်းမျိုး ပြန်ရစေတယ်လို့ ဟန်ဒါဆန်က ထုတ်ပြောလာပါတယ်။

မနှစ်ကရာသီမှာ အဓိက ကစားသမားတွေ ဒဏ်ရာရနေခြင်းနဲ့အတူ ဆုဖလား တစ်လုံးမှ အနိုင်မရခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီရာသီမှာတော့ ခက်ခဲစွာ ရုန်ကန်းရင်း လမ်းကြောင်းမှန်ကို ရှာဖွေခဲ့ရပေမယ့် အခုချိန်မှာ အသင်းသားတွေက ဆုဖလားအတွက် တွန်းအားတွေ ရနေပါပြီ။

“ ကျနော်တို့တွေ ဒီလိုမျိုး မြင့်မားတဲ့ အဆင့်ကို ရောက်ရှိနေပေမယ့် နောက်ပိုင်းကျတော့ ကျဆင်းသွားသလို ခံစားမှုတွေ ရလာတယ်။ ကျနော်တို့က စည်းတစ်ခုကို ဖြတ်လိုက်နိုင်လို့ ကြီးမားတဲ့ စိတ်သက်သာရာ ရခဲ့ပေမယ့် အဲ့နောက်မှာ ‘ငါ ဒါမျိုး ထပ်လုပ်ချင်တယ်’ ဆိုပြီး ကိုယ့်ဘာသာ စတွေးမိလာတယ်။ လီဗာပူးနဲ့ ပတ်သက်တဲ့ အရာအားလုံးက အောင်မြင်ဖို့ချည်းပါပဲ”လို့ ဟန်ဒါဆန်က ပြောပါတယ်။

အဲ့ဒီ့လို အမြင်မျိုးရှိနေတာ ဟန်ဒါဆန် တစ်ယောက်ထဲ မဟုတ်ပါဘူး။ ဒီလီဗာပူးအသင်းဟာ တတ်နိုင်သလောက် ဆုဖလားတွေ အများကြီး ရယူချင်တဲ့ စိတ်ဆန္ဒတွေ ဆက်သွယ်ထာတဲ့ ထူးချွန်တဲ့ ကစားသမားတွေအများကြီး အပြည့်ရှိနေတာပါ။

ကာရာဘောင်းဖလား ဖိုင်နယ်ရဲ့ ရလဒ်အပေါ် မူတည်နေတဲ့ အရာတွေ အများကြီး ရှိခဲ့ပါတယ်။ အကယ်၍ ချယ်ဆီးကို ရှုံးနိမ့်ခဲ့ရင် နှစ်လကြာ တည်ဆောက်ခဲ့ရတဲ့ အရှိန်အဟုန် ပျက်ဆီးသွားစေနိုင်ပြီး ဖလားလေးလုံး အိမ်မက်တွေက ပထမဆုံး အတားအဆီးမှာပဲ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားစေမှာပါ။

“ လူတွေက ကျွန်တော်တို့ ပုံစံကောင်းရနေတဲ့အကြောင်း ပြောနေကြပေမယ့် အသင်းက ကောင်းကောင်း မစွမ်းဆောင်ဘူးဆိုရင် အရာအားလုံးက မြန်မြန်ပဲ ပြောင်းလဲသွားမှာပါ ” လို့ ဟန်ဒိုက ပြောခဲ့တယ်။

အခုကစပြီး လီဗာပူးကစားရမယ့် ပွဲတိုင်းက အတော်လေးကို အရေးကြီးပါတယ်။ စနေနေ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ အာရုံစိုက်မှု လျော့သွားရင် အသင်းမှာရှိနေတဲ့ ပြင်းပြတဲ့ ရည်မှန်းချက်တွေ ထိခိုက်နိုက်တာကြောင့် အပြည့်အဝ အားထုတ်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် လီဗာပူးအသင်းဟာ အခြားသော ဆုဖလား ၃ လုံးအတွက် ပြိုင်ဆိုင်မှုမှာ ရှိနေသေးကာ အခွင့်အရေး အပြည့်အဝ ရှိပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန် ဆုဖလားတစ်လုံး ကိုင်မြှောက်ချိန်မှာ ရရှိတဲ့ စိတ်လှုပ်ရှားမှုက အခုတော့ ပြီးဆုံးသွားခဲ့ပေမယ့် ဒါက ၂၀၂၂ မှာ လီဗာပူးပရိသတ်တွေအတွက် နောက်ဆုံးအောင်မြင်မှု မဖြစ်လောက်ပါဘူး။

လီဗာပူးမှာ ဆုဖလားဆာလာမှုတွေ အများကြီး ရှိနေပါတယ်။ ဒီလတွေအတွင်း အရေးပါတဲ့ ပွဲတွေ များစွာ ကစားရဖို့ ရှိနေသလို ဝက်ဟမ်းနဲ့ပွဲမှာတော့ မဖြစ်မနေ အနိုင်ရလဒ်ကို ဦးတည်ကြိုးစားကြရမှာဖြစ်ပါတယ်။