ဂန်းနားဟောင်းကြီး ပေါလ်မာဆန်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားဟာ မန်စီးတီး ပဲ ယူသွားလိမ့်မယ်လို့ ယုံကြည်နေပြီ ဖြစ်ပြီး မန်စီးတီး မရရင်သာ ရှော့ခ် ရမှာလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က စီးတီးနဲ့ လီဗာပူး နှစ်သင်း ထိပ်တိုက်တွေ့မှုမှာ သရေရလဒ် ထွက်ပေါ်ခဲ့တာက ချန်ပီယံ ပြေးလမ်းမှာ မန်စီးတီးက ဦးဆောင်မှု ယူနိုင်ခဲ့တာ လို့ ၎င်းက ယူဆထားပါတယ်။

” ဘောလုံးရာသီ မပြီးခင်ထိတော့ ဘယ်အသင်းဖြစ်မလဲ မသိနိုင်ပါဘူး။ ဒါပေမယ့် ဒီအနေအထားနဲ့ မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံမဖြစ်ရင် လုံးဝကို ရှော့ခ်ရစရာကြီး ဖြစ်သွားပါလိမ့်မယ်။ သူတို့က သိပ်ကောင်း နေတော့ အဲ့လို မဖြစ်ခဲ့ရင် တကယ့်ကို အံ့သြသွားရမှာပါ။

မန်စီးတီးကော လီဗာပူးပါ သိပ်ကောင်းကြပါတယ်။ မန်စီးတီးက သူတို့လိုအပ်တဲ့ နိုင်ပွဲကို ရယူနေတာကလွဲလို့ အခြား မမြင်မိဘူး။ သူတို့တွေ ရမှတ်တွေ ဆုံးရှုံးမယ်လို့ မထင်ပါဘူး။ လီဗာပူးက ပိုခက်ခဲတဲ့ ပွဲစဉ်တွေ ပိုင်ဆိုင်ထားတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

လီဗာပူးပွဲတွေကို မန်စီတီး သာ ကစားရမယ်ဆိုရင် ခြားနားသွားမှာပါ။ အန်ဖီးမှာ မန်ချက်စတာ ယူနိုက်တက်ကို ယှဉ်ပြိုင်ကစားရမှာက ကမ္ဘာ့ အခက်အခဲဆုံးပွဲ မဟုတ်ပေမယ့် အဲ့ပွဲအတွက် အားထုတ်ရမှာပါ။ လီဗာပူးက အိမ်ကွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲဝင်နေတဲ့ စပါးကို ရင်ဆိုင်ရမယ့်ပွဲလည်း ရှိနေသေးတယ်။

မန်စီးတီးကျ သူ့အိမ်ကွင်းမှာ ဧည့်ခံရမယ့် နှစ်သင်းက ဘရိုက်တန်နဲ့ ဝက်ဖိုဒ့် ဖြစ်ပါတယ်။ မန်စီးတီး ပရီးမီးယားလိဂ် အနိုင်ရသွားမှာကလွဲရင် တခြား မမြင်မိပါဘူး။ ” လို့ ပေါလ်မာဆန်က ပြောဆိုသွားတာ ဖြစ်ပါတယ်။