ဒီည ယှဉ်ပြိုင် ကစားကြမယ့် လီဗာပူးနဲ့ အဲဗာတန် တို့ မာဆေးဆိုဒ် ဒါဘီ ပွဲအတွက် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင် ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အင်္ဂါနေ့တုန်းက ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ လီဗာပူးက ထူးချွန်ခဲ့ပါတယ်။ သူတို့ရဲ့ ဘောလုံးက အံ့မခန်းပါပဲ။ ဒုတိယဂိုး သွင်းယူခဲ့ပုံဆိုရင် အတော်လေး ကောင်းတယ်လို့ ပြောနိုင်ပါတယ်။

သီယေဂို အကြောင်းလည်း ပြောခဲ့ပါသေးတယ်။ သူက ဝင်ဘာလေမှာ စီးတီးကို ရင်ဆိုင်ကစားစဉ်ကလည်း ကောင်းခဲ့သေးတာပါ။ လီဗာပူးရဲ့ စွမ်းဆောင်ရည်က စောင့်ကြည့်ဖို့ကောင်းအောင်ကို ကြည့်ပျော်ပါတယ်။

အဲဗာတန်အတွက်ကတော့ လက်တလောမှာ စွမ်းဆောင်ရည်ကောင်းတွေ မဟုတ်ဘူး။ ဒါပေမယ့် လက်စတာနဲ့ပွဲမှာ သူတို့အတွက် အဖိုးတန်တဲ့ ရမှတ် ၁ မှတ်ကို ခွဲယူနိုင်ခဲ့တယ်။ သူတို့က ရနိုင်သလောက် ရမှတ်တွေ အားလုံး ရယူဖို့ လိုနေသလို ကုန်ခဲ့တဲ့ ၂ ပွဲမှာဆိုရင် ၄ မှတ်ထိ ရယူထားပါတယ်။

အဲဗာတန်က ဒီပွဲမှာ ဘာရမှတ်မှ ရမယ်လို့ မထင်ပါဘူး။ လီဗာပူးရဲ့ ကစားပုံက အရမ်းကောင်းနေသလို သူတို့က အာရုံစိုက်လည်း ကစားကြတယ်။ ဒါက ဒါဘီပွဲဆိုပေမယ့် ခက်လွယ်လွယ် ပွဲတစ်ပွဲအဖြစ် ဂိုးပြတ်သွားပါလိမ့်မယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ လီဗာပူး ၄-၁ အဲဗာတန် ဖြစ်ပါတယ်။ ကစားမယ့် ပွဲချိန်ကတော့ ဒီနေ့ တနင်္ဂနွေနေ့ ည ၁ဝ နာရီမှာ ဖြစ်ပါတယ်။