မနက်ဖြန် တနင်္လာနေ့ည အန်ဖီးကွင်းမှာ လီဗာပူးအသင်းက ပဲလေစ့်ကို ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဖူလ်ဟမ်ကို ရင်ဆိုင်ကစားပြီး ခြေစွမ်းမကောင်းခဲ့တဲ့ အသင်းဟာ ဒီပွဲမှာ တုန့်ပြန်မှုတွေ လုပ်နိုင်ရမှာပါ။ လိဂ်ပွဲ ၂ ပွဲကစားအပြီး ရမှတ် ၆ မှတ်နဲ့ မန်စီးတီးတို့ ထိပ်ဆုံးရောက်နေတာမို့ ဒီပွဲကို အနိုင်မရခဲ့ခြင်း ရာသီစမှာတင် ရမှတ်ကွာဟမှု ကြီးမားသွားမှာကို အသင်းဘက်က ရှောင်လွဲနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။

Team News

  • သီယေဂိုရဲ့ ဒဏ်ရာက အခြေအနေ မကောင်းပါဘူး။ နည်းပြကလော့ပ်ကတော့ ၆ ပတ်ထက်စာရင် ၄ ပတ်ပဲ နားရမယ်လို့ ပြောပါတယ်။
  • ပဲလေစ့်နဲ့ပွဲမှာ ပါဝင်ပေးဖို့ ကိတ်တာ အဆင်သင့်ဖြစ်နေမယ်လို့ သိရပါတယ်။
  • သောကြာနေ့မှာပဲ ဆီမီးက်စ်က လေ့ကျင့်ရေးထဲ ပြန်ဝင်လာခဲ့ပါပြီ။
  • အသင်းရဲ့ လေ့ကျင့်ရေးမှာ ပေါင်ခြံ ဒဏ်ရာကြောင့် မာတစ် မပါနိုင်ခဲ့ပါဘူး။
  • ကလယ်ဟာ၊ ကိုနတေး၊ ရမ်ဆေး၊ ဂျုံး၊ ချိန်ဘာလိန်၊ ဂျိုတာတို့ ဒဏ်ရာတွေကြောင့် မပါနိုင်သေးပါဘူး။

Liverpool’s XI vs. Palace

လီဗာပူးခံစစ်မှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ နက်ဖီးလစ်၊ ဗန်ဒန်ဘတ်တို့ ရွေးချယ်စရာ ရှိနေတာဖြစ်ပြီး ဒီအပတ်ပွဲမှာတော့ ဗဟိုခံစစ်နေရာမှာ မာတစ် အစား ဂိုးမက်စ် ပါဝင်လာမှာပါ။ ကိုနတေး ဒဏ်ရာ အခြေအနေကြောင့် နက်ဖီးလစ်နဲ့ ဗန်ဒန်ဘတ်တို့ထဲက တစ်ဦးကတော့ ဒီနွေမှာ အသင်းမပြောင်းဘဲ ဇန်နဝါရီထိ ဆက်နေသွားရဖွယ် ရှိပါတယ်။

ဒီပွဲအတွက် ခံစစ်မှာ အယ်လီဆန်၊ ထရန့်၊ ဗန်ဒိုက်၊ ဂိုးမက်စ်၊ ရော်ဘတ်ဆန် အတွဲကို ပွဲထုတ်မှာဖြစ်ပါတယ်။ ကွင်းလယ်မှာတော့ သီယေဂို မပါနိုင်တာကြောင့် ဟန်ဒါဆန်ကို ဘယ်ခြမ်းထုတ်ပြီး ဟာဗေးကို ထည့်သွင်းဖွယ် ရှိပါတယ်။ အခြားသော ရွေးချယ်စရာက သီယေဂိုနေရာ ကိတ်တာနဲ့ တိုက်ရိုက် အစားထိုးဖို့ဖြစ်ပါတယ်။

ကိတ်တာဟာ ဆဲလ်ဘတ်နဲ့ပွဲမှာ ၄၅ မိနစ် ပါဝင်ခဲ့ပြီးတည်းက ပွဲထွက်ပေးထားခြင်း မရှိပါဘူး။ ၃ ပတ်ဝန်းကျင် ပွဲမကစားထားရတဲ့ ကွင်းလယ်လူတစ်ယောက်ကို ဒီပွဲမှာ ပွဲထုတ်ဖို့က ရာနှုန်း သိပ်ကို နည်းပါးတာဖြစ်ပါတယ်။

တိုက်စစ်မှာတော့ ဒီယက်စ်၊ ဆာလာတို့ရဲ့ တောင်ပံအတွဲကို ပွဲထုတ်ဖို့ သေချာပါတယ်။ တိုက်စစ်မှူးနေရာမှာတော့ ဒီတလော ဂိုးလာဘ်ရှိနေတဲ့ ဒါဝင် နူးညက်စ်ကို နေရာပေးမယ်လို့ ယူဆရတာဖြစ်ပါတယ်။

အရန်မှာတော့ အတ်ဒရီယန်၊ ဖာမင်နို၊ ကာဗာရို၊ မီလ်နာ၊ ကိတ်တာ၊ ကိုစတက်၊ ဗန်ဒန်ဘတ်၊ နက်ဖီးလစ်တို့ ပါဝင်လာဖို့ ရှိနေပြီး လူငယ်ကြယ်ပွင့် တစ်ဦးကို အရန်လူစာရင်းကနေ နေရာပေးလာဖို့ ရှိနေပါတယ်။