လီဗာပူးအသင်းဟာ တနင်္လာနေ့ည ၁း၃၀ နာရီမှာတော့ ပဲလေစ့်ကို ဧည့်ခံခြင်းနဲ့အတူ ဒီရာသီရဲ့ ပထမဆုံးသော အန်ဖီးကွင်းပွဲကို စတင်ရပါမယ်။

အဖွင့်ပွဲမှာ ဖူလ်ဟမ်ကို သရေကျထားတဲ့ လီဗာပူးဟာ အမှတ်ပေးဇယား ထိပ်ဆုံးအဆင့်တွေနဲ့ ရမှတ်ကွာဟမှု မကြီးမားလိုဘူးဆိုရင် ဒီပွဲကို သေချာပေါက် အနိုင်ရဖို့ လိုပါတယ်။ ဒီပွဲအတွက် ပရီးမီးယားလိဂ် ဝါရင့် သုံးသပ်သူ ပေါလ်မာဆန်ရဲ့ ပွဲရလဒ် ခန့်မှန်းမှုတွေကို ဖော်ပြလိုက်ပါတယ်။

ပေါလ်မာဆန်က ” လီဗာပူးတို့ ဒီတပတ်ပွဲမှာ ပြန် ရုန်းထ ပြန်ဖို့ လိုပါတယ်။ သူတို့ ရာသီ အစ မကောင်းခဲ့ဘူး။ ဒီပွဲမှာတော့ အမှတ်ပြည့် ယူနိုင်ဖို့ လိုပါတယ်။

ခရစ္စတယ်ပဲလေ့စ်က အရင် အပတ်က အရမ်း မကောင်းဘူး ဆိုတာ ကျနော် သိတယ်။ ဒါပေမယ့် လီဗာပူး ကစားဟန်ကး ပဲလေစ့်တို့ရဲ့ ကောင်တာတွေကို သက်ရောက်မှုကြီးအောင် ခွင့်ပြုရနိုင်ပါတယ်။

လီဗာပူးက ပြီးခဲ့တဲ့ရာသီကလို ဒီရာသီ လုပ်ပြနိုင်ဖို့က ခက်ခဲမယ်လို့ ကျနော် ထင်တယ်။ ကလော့ပ်က ကမ္ဘာ့ အကောင်းဆုံး မန်နေဂျာတွေထဲက တစ်ယောက်ပါ။ သူ့ အနေနဲ့ ဘာတွေ လုပ်ဖို့ လိုလဲ သိပါလိမ့်မယ်။ သူက ဈေးကွက်ကို စိတ်ရှည်ရှည် စောင့်ကြည့်နေတုန်းပါပဲ။

လီဗာပူးက ဒီနှစ်ထဲမှာ ငယ်ရွယ်တဲ့ ကစားသမားတွေ ခေါ်ထားတော့ ဒီလူငယ်လေးတွေကို သုံးကြည့်ဦးမယ် ထင်ပါတယ်။ ဒီတပတ်ပွဲကတော့ ပွဲက ကြာလာလေလေ လီဗာပူးအတွက် စိုးရိမ်စရာ ဖြစ်လာလေလေ အနေအထားမျိုးပါ။ သူတို့ ဒီပွဲမှာ စောစော ဂိုးသွင်းနိုင်ဖို့ လိုတယ်။

ဒီပွဲ မစခင်မှာ မန်စီးတီးက အမှတ်ပေးဇယားကို ၆ မှတ်နဲ့ ဦးဆောင်ထားမှာပါ။ လီဗာပူးသာ ဒီပွဲကို သရေကျလိုက်မယ် ဆိုရင် စီးတီးနောက် ၄ မှတ်ထိ သူတို့ ပြတ်ကျန်ခဲ့မှာပါ။

မန်စီးတီးက ရာသီ အစမှာသာ လီဗာပူးကို ၄ မှတ်ဖြတ်နိုင်မယ် ဆိုရင် အမှတ်ပေးဖလားအတွက် ဘယ်သူက ရေပန်းအစားဆုံး ဖြစ်သွားမလဲ။ လီဗာပူး ဖန်တွေတောင် မန်စီးတီး ဖလားပဲ လို့ ဝန်ခံလိုက်ရမှာပါ။ လီဗာပူးက ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ပြန်စယူနိုင်ဖို့ လိုပါတယ်။ ဒီပွဲက သူတို့ အတွက် ပွဲကြီးပါ။

ဒါဝင် နူညက်စ်က ပြီးခဲ့တဲ့ အပတ် ပွဲမှာ ပွဲထွက်ခဲ့သင့်တာပါ။ သူ ဝင်လာတာနဲ့ သူ့အရည်အသွေးကို သက်သေပြခဲ့တယ်။

လီဗာပူးက ပဲလေစ့်နဲ့ပွဲမှာ သိပ်ပြီး လွှမ်းမိုးကစားနိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် သူတို့ရဲ့ ကွင်းလယ်က မခိုင်မာခဲ့ဘူး။ ဒါပေမယ့် သူတို့က ကောင်တာကနေလည်း ဖောက်နိုင်ကြပါတယ်။ လီဗာပူး ဒီပွဲကိုတော့ နိုင်မယ် ကျနော် ထင်ပါတယ်။ ဒါပေမယ့် တော်တော် ခက်ခက်ခဲခဲတော့ ကစားရလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီပွဲအတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူးအသင်း ၂-၀ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။