စက်တင်ဘာလထဲ ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားစေမယ့် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ၂၈ ဦး လူစာရင်းကို မနေ့က ထုတ်ပြန် ကြေညာသွားခဲ့ရာ မန်ချက်စတာ ယူနိုက်တက်မှာ အရန်ခုံ ထိုင်နေရတဲ့ မက်ဂွဲရား ပါဝင်သွားပြီး အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ ဘန်ဝှိုက်ကို ချန်လှပ်ခဲ့တာက ပြောစရာတွေ များစွာ ဖြစ်ကျန်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဒီလထဲမှာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ်တွေ အဖြစ် အီတလီ၊ ဂျာမနီတို့နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

ဟယ်ရီ မက်ဂွဲရားက မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် လေးပွဲမှာ အရန်ခုံကနေသာ ပါဝင်ခဲ့ပေမယ့် အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဆောက်ဂိတ်ကတော့ ဦးစားပေး ရွေးချယ်ခဲ့ပါတယ်။

မက်ဂွဲရားထက် စာရင် ကလပ်အသင်းမှာ ပွဲကစား ခြေစွမ်းပြနေတဲ့ ဘန်ဝှိုက် ချန်ခဲ့တာက မယုံနိုင်စရာပဲလို့ ဂန်းနား ပရိသတ်တွေကတော့ လူမှုကွန်ယက်ကနေ အခုလို ဝေဖန် ပြောဆိုနေကြပါတယ်။ နောက်ဆက်တွဲ သတင်းတွေ အရတော့ ဘန်ဝှိုက်မှာ ဒဏ်ရာ အသေးစား ရှိနေလို့ ချန်ခဲ့တယ်လို့လည်း သိရပါတယ်။

ShekTeeJay: မက်ဂွဲရားကတော့ သူ အနားမယူမချင်း ဒါမှမဟုတ် ဆောက်ဂိတ် အထုတ် မခံရ မချင်း အင်္ဂလန်မှာ ပွဲထွက်နေဦးမယ့် သဘောပဲ။

reciprocal_space: ဘန်ဝှိုက်ကတော့ အင်္ဂလန်အသင်းရဲ့ လက်ရှိ ရွေးချယ်မှုကြောင့် မလေးမစား လုပ်ခံလိုက်ရတာပဲ။

Jack-in-the-Xbox : ဝှိုက်ကို ချန်ပြီး မက်ဂွဲရား ကို ရွေးတယ် ဆိုတဲ့ လုပ်ချက်ကြီးကတော့ အံ့သြစရာကြီးပဲ။

inalBosse: ဒီဆုံးဖြတ်ချက်ကတော့ စောင်ရမ်း ရှက်စရာ ကောင်းလွန်းတယ်။ ဆောက်ဂိတ် ဆီကနေ ငါတို့ ဘာမှ မျှော်လင့်မထားသင့်တော့ဘူး။

Mahoganychicken: ဘောလုံးပွဲကို ကောင်းကောင်း မကစားရသေးတဲ့ မက်ဂွဲရား၊ ကစားရရင်လည်း ကွင်းထဲမှာ အဆိုးဆုံး ဖြစ်နေတဲ့ ကစားသမားကို ရွေးပြီး ဘန်ဝှိုင်ကို ချန်ခဲ့တာက ငါမြင်ဖူးသမျှထဲ ဆောက်ဂိတ်ရဲ့ အဆိုးဆုံး ဆုံးဖြတ်ချက်ပဲ။