အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရက်က မန်ချက်စတာ ဒါဘီမှာ မန်စီးတီး ရှုံးနိမ့်သွားချိန်မှာ စပါးကို မြောက်လန်ဒန် ဒါဘီ အဝေးကွင်း ပွဲ ၂-ဝ နဲ့ အနိုင်ကန်နိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်မှာ ၈ မှတ်အသာနဲ့ ဦးဆောင်နေ ပါတယ်။

ဂန်းနားတွေဟာ တစ်ရာသီလုံး အမှားနည်းနည်းနဲ့ ရှေ့ဆက်နေပြီး ရှုံးပွဲတစ်ပွဲသာ ရှိခဲ့ပါတယ်။ အဲ့ဒီ့ရှုံးပွဲဟာ စက်တင်ဘာတုန်းက အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ တွေ့ခဲ့တုန်းက ဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ပတ် အမ်းမရိတ်စ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ပြန်တွေ့တဲ့အခါ ပွဲကောင်းဖြစ်လာဖို့ ရှိနေပါတယ်။

နည်းပြ အာတီတာက “ ဒီကလပ်နှစ်သင်းကြားမှာ ကြီးကျယ်တဲ့ သမိုင်းကြောင်းရှိတယ်လေ။ ကျွန်တော်တို့အတွက် ဒီပွဲကို အနိုင်ရဖို့က သိပ်ပြီး အရေးကြီးခဲ့ပါတယ်။ အခိုက်အတန့်တိုင်းကို ပျော်ရွှင်ခံစားပြီး ဆက်အာရုံစိုက်ထားကြတာပေါ့။

ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ပိုကောင်းအောင် ကစားဖို့၊ ကောင်းကောင်းလုပ်နေတဲ့ အရာတွေ အပေါ် အာရုံစိုက်ဖို့ပဲ။ တိုးတက်အောင် လုပ်ရမယ့်အရာတွေ အများကြီး ရှိပါတယ်။ ဒါကို ကျွန်တော်တို့သိတယ်။ သတိထားတယ်။ ဒီပုံစံအတိုင်းပဲ ဆက်လုပ်သွားမှာပါ။

သိပ်ပြီး အတွက်အချက်တွေ မလုပ်ချင်ဘူး။ မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာ နောက်ထပ် ၃မှတ် ရဖို့၊ ကောင်းကောင်းကစားပြီး ထိုက်တန်တဲ့ နိုင်ပွဲရဖို့ ပြင်ဆင်သွားမှာပါ။

အမှတ် ဘယ်လောက်ရဖို့ လိုမလဲ ခင်ဗျားတို့ မေးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်အတွင်း မြင်ခဲ့ရတာတွေအရ အမှတ်ပေးဖလား အနိုင်ရဖို့ဆိုရင် ပြီးပြည့်စုံလုနီးပါးအထိ လိုအပ်ပါလိမ့်မယ်။

ကျွန်တော်က အဝတ်လဲခန်းထဲဝင်ပြီး အသင်းရဲ့ စည်းလုံးမှု၊ ပျော်ရွှင်မှုကို ကျေနပ်နေတာပဲ။ ဒါတွေက သူတို့အတွက် သိပ်ပြီး အရေးပါတဲ့ အရာတွေပါ ’ လို့ ပြောကြားခဲ့ပါတယ်။

ဒီတစ်ပတ် အမ်းမရိတ်စ်ပွဲမှာ အာဆင်နယ်တို့ နိုင်ပွဲရရင် သူတို့အတွက် ၁၉နှစ်အတွင်း ပထမဆုံးသော ပရီးမီးယားလိဂ် ဖလား ပြန်လည် အောင်မြင်ဖို့ ပိုမိုနီးစပ်သွားစေမှာ ဖြစ်ပါတယ်။