ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ လုခ်ရှောဟာ သူ ခြေစွမ်း မကောင်းချိန်မှာ ခြေစွမ်း ပုံမှန် မရှိကြောင်း ဝန်ခံခဲ့ပြီး အလုပ်ကြိုးစား ပြန် ပြောင်းလဲလာနိုင်သူ အဖြစ် ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ တန်းဆင်းဇုန်ကနေ ရုန်းဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မက်ဂွဲရား ကို အငှားနဲ့ ခေါ်ယူလိုနေပါတယ်။

ယူနိုက်တက်ဟာ ပီအက်စ်ဂျီဘက်က အလိုရှိနေတဲ့ တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်ကို ၅နှစ် စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးနေ ပေမယ့် တစ်ပတ်လုပ်ခ ပေါင်၃သိန်း မပေးလိုဘူး ဖြစ်နေပါတယ်။

တန်ဟက်ရဲ့ အသင်းကြီးမှာ မမြင်ရတာကြာပြီ ဖြစ်တဲ့ ဆန်ချိုဟာ ယူနိုက်တက်အသင်းဖော်တွေနဲ့ အတူ ထရိန်နင် ပြန်ဆင်းပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတို့ ခေါ်ယူဖို့ စောင့်ကြည့်ခံနေရတဲ့ လူငယ်ကြယ်ပွင့်လေး ဂနာချိုကို မန်ချက်စတာ ယူနိုက်တက် က တစ်ပတ် ပေါင် ၂သောင်းသာ ရှိတဲ့ လုပ်ခနဲ့ သက်တမ်းတိုး ကမ်းလှမ်းလိုက်ပါတယ်။ ဂနာချိုရဲ့ လက်ရှိ လုပ်ခက တစ်ပတ် ပေါင် ၅ဝဝဝ ပဲ ရရှိနေတာပါ။

ယူနိုက်တက် ကြယ်ပွင့်ဟောင်း ရော်နယ်ဒိုဟာ သူ့ရဲ့ ဆော်ဒီအာရေးဘီးယန်း ပွဲဦးထွက်မှာ ဆော်ဒီ အောစတားအသင်းကို ကပ္ပတိန်အနေနဲ့ တာဝန်ယူသွားမှာဖြစ်ပြီး ပြိုင်ဘက်ဟောင်း မက်ဆီနဲ့ ထိပ်တိုက်တွေ့ဖို့ ပြင်ဆင်နေပါတယ်။

နည်းပြ တန်ဟက်ဟာ ယူနိုက်တက် တိုက်စစ်မှုးသစ် ဗက်ဟော့စ်ကို ဒီည ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ပွဲထုတ်လာဖွယ် ရှိနေပါတယ်။