ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းတွေက VAR ဆုံးဖြတ်ချက်တွေကနေ အကျိုးအမြတ် အရဆုံးလဲ ဆိုတဲ့ စစ်တမ်းတစ်ခုကို ဒေးလီးမေလ်းကနေ ဖော်ပြလာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၂-၂၃ ဘောလုံးရာသီအတွင်း VAR ဆုံးဖြတ်ချက်ကြောင့် အကျိုးအမြတ် ပိုရတဲ့ အသင်းက လီဗာပူးဖြစ်တယ်လို့ သိရတယ်။ လီဗာပူးဟာ အောက်တိုဘာမှာ ဘရိုက်တန်နဲ့ ၃ဂိုးစီ သရေကျခဲ့တဲ့ပွဲနဲ့ မန်စီးတီးကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲတွေမှာ VAR ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် အခုလို ရမှတ်တွေ ရခဲ့တာပါ။

အဲ့ပွဲတွေမှာ VAR ရဲ့ ဆုံးဖြတ်ချက်သာ ဆန့်ကျင်ဘက် ဖြစ်သွားရင် ကလော့ပ်ရဲ့ အသင်းဟာ လက်ရှိ ရောက်နေတဲ့ အဆင့်၉ ထက် ပိုမို ကျဆင်နေမှာပဲ ဖြစ်ပါတယ်။ VAR ဆုံးဖြတ်ချက် မပါရင် ဒီရာသီမှာ လီဗာပူးအသင်းဟာ အဆင့် ၁၁ နေရာထိ ကျဆင်းနေမှာဖြစ်ကာ တန်းဆင်းဇုန်နဲ့ ၆ မှတ်သာ ကွာဟနေပါလိမ့်မယ်။

ဒီရာသီ VAR ကနေ ဒုတိယ ကောင်းကျိုးအရဆုံးကတော အက်စ်တွန်ဗီလာဖြစ်ပြီး သူတို့ဟာ VAR ကြောင့် ရမှတ် ၄မှတ် ရရှိခဲ့ပါတယ်။ ဘရန့်ဖို့ဒ်၊ ခရစ္စတယ် ပဲလေ့စ်၊ မန်ယူနိုက်တက်တို့ကလည်း VAR ဆုံးဖြတ်ချက်ကြောင့် ရမှတ် ၃မှတ်စီ ရခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ VAR ကြောင့် အကျိုးအမြတ်ရမှု မပါရင် မန်ယူနိုက်တက်ဟာ အဆင့်လေးကနေ အဆင့်ငါးအဖြစ် ကျဆင်းသွားမှာဖြစ်ပြီး စပါးက အပို ၂မှတ်နဲ့အတူ အဆင့်၃ ဖြစ်သွားပါလိမ့်မယ်။

ဒီရာသီမှာ VAR ဆုံးဖြတ်ချက်ကြောင့် အနစ်နာရဆုံးအသင်းကတော့ လိဒ်စ်ယူနိုက်တက်ဖြစ်ပြီး ၅မှတ် ဆုံးရှုံးခဲ့ပါတယ်။ အဲ့ဒီ့အမှတ်တွေသာ ရခဲ့ရင် သူတို့ဟာ အဆင့် ၁၂ နေရာကို တက်နိုင်မှာဖြစ်ပြီး တန်းဆင်းဇုန်နဲ့ ၆မှတ် ကွာဟနိုင်မှာ ဖြစ်ပါတယ်။

လိဒ်စ်ပြီးရင် VAR ကြောင့် အမှတ်ဆုံးရှုံးရတဲ့ ဒုတိယအသင်းက မန်စီးတီးဖြစ်ပါတယ်။ သူတို့ဟာ VAR ရဲ့ နှောင့်ယှက်မှုသာ မရှိရင် အခုထက် ၃မှတ် ပိုရမှာဖြစ်ပြီး အာဆင်နယ်ထက် ၁ ပွဲပိုကစား ၂ မှတ်လျော့ အနေအထားမှ​ာ ရှိနေမှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာလည်း VAR ကြောင့် တစ်မှတ် နစ်နာထားတယ်လို့ သိရပါတယ်။