ဂျာမန်သား နည်းပြကြီး ယာဂင်ကလော့ပ်ဟာ သူ့ရဲ့ နည်းပြဘဝမှာ ရာထူးကနေ ထုတ်ပယ်ခံရဖူးခြင်း မရှိဘဲ မှန်ကန်တဲ့အချိန် မဟုတ်တော့ဘူးလို့ ခံစားရရင် ကိုယ်တိုင် ထွက်ခွာသွားတာမျိုးကို ရွေးချယ်လေ့ ရှိသူပါ။

ဘွန်ဒက်လီဂါကလပ်တွေဖြစ်တဲ့ မိန့်နဲ့ ဒေါ့မွန်တို့မှာ ကလော့ပ်ဟာ ကိုယ်တိုင် ထွက်ခွာပေးခြင်းကို ရွေးချယ်ခဲ့တာဖြစ်ပြီး ရာသီအကုန်တွေမှာ ကောင်းမွန်တဲ့ လမ်းခွဲခြင်းတွေကိုပဲ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒီရာသီမှာ လီဗာပူးအသင်းက ဆက်တိုက် ကျဆင်းမှုတွေ ရှိနေပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာထိ ကျဆင်းနေတာ ဖြစ်ပါတယ်။ ဒီအပတ် ဝုဗ်ကို ၃-၀ ဖြင့် အရေးနိမ့်ပြီးတဲ့နောက် လီဗာပူးကို လမ်းကြောင်မှန်ပေါ် ပြန်တင်ပေးနိုင်ဖို့ ယုံကြည်ချက် ရှိလားဆိုတဲ့ မေးမြန်းခံရမှုကို ကလော့ပ်က တုန့်ပြန်လာခဲ့တယ်။

” လီဗာပူးအသင်းကို လမ်းကြောင်းမှန် ပြန်ရောက်အောင် ဦးဆောင်ပေးဖို့ရာ ယုံကြည်ချက် ရှိပါတယ်။ ကျနော် အလုပ်က ဘာလဲဆိုတာကို သိပါတယ်။

ကျနော် အလုပ်က အသင်းကို ဘယ်လို တည်ဆောက်နိုင်မယ်ဆိုတာ ဒီနေရာမှာ ထိုင်ပြောနေဖို့ မဟုတ်ပါဘူး။ သတင်းသမားတွေကတော့ ကျနော်ကို အကဲဖြတ် ဝေဖန်ကြပါလိမ့်မယ်။ ဒါက အဆင်ပြေပါတယ်။

ဒီနေ့ပွဲမှာ ကျနော်တို့ လုံလောက်အောင် မကောင်းခဲ့ဘူးလို့ ဝန်ခံရပါလိမ့်မယ်။ ” လို့ ကလော့ပ်က ပြောဆိုသွားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ချယ်ဆီးကို ဝ-၀ သရေကျခဲ့တာကလွဲလို့ အမှတ်ပေးပွဲ တစ်ပွဲမှ မနိုင်ထားသလို ဂိုးပြတ်တွေ အရေးနိမ့်ထားပါတယ်။ ဒီအခြေအနေကနေ ပြန်လာနိုင်အောင် ကလော့ပ် တကယ်ပဲ ဦးဆောင်သွားနိုင်မလား ရာသီဝက်မှာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။