မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေမှာ ကစားသမားသစ် ခေါ်ယူအားဖြည့်မှုတွေ အတွက် အသုံးစရိတ် ရှာဖွေဖို့ လက်ရှိ အသင်းသားတချို့ အရောင်းစာရင်း တင်ဖို့ ပြင်ဆင်နေပြီး အဲဒီထဲမှာ တိုက်စစ်မှုး မာရှယ်ကို ထည့်သွင်းထားတယ် လို့ မန်ချက်စတာ အခြေစိုက် သတင်းက ဖော်ပြထားပါတယ်။

နည်းပြ တန်ဟက်ဟာ လာမယ့်နွေမှာ ကမ္ဘာ့အဆင့်တိုက်စစ်မှုး တစ်ဦး အရ ခေါ်ယူလိုနေပါတယ်။ မာရှယ်ဟာ ဒီရာသီ ယူနိုက်တက် အတွက် မိနစ် ၉ဝ ပြည့် ကစားရတဲ့ ပွဲ မရှိသေးဘဲ ကြံ့ခိုင်မှုပိုင်း အရ ရုန်းကန်နေ၇ပါတယ်။ ဒီရာသီ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာကြောင့် သွင်းဂိုး ၆ ဂိုးသာ ရှိပါသေးတယ်။

ပြီးခဲ့တဲ့ ကြားရက်က နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ မာရှယ် ပြန် ပါဝင်လာခဲ့ပြီး အသင်းကလည်း ၃-ဝ နဲ့ နိုင်ခဲ့ပေမယ့် နောက် ၃ရက် အကြာ ပဲလေ့စ်နဲ့ ပွဲမှာ ဒဏ်ရာ ရှိနေလို့ မာရှယ် ထပ် လွဲချော်ခဲ့ပြန်ပါတယ်။

နည်းပြ တန်ဟက်ဟာ တကယ်တော့ မာရှယ်ကို သဘောကျတဲ့သူ ဖြစ်ပြီး သူ့တိုက်စစ် လိုင်းအပ်ဟာ ပြင်သစ်သား ပါရင် အကောင်းဆုံး ပုံစံ ရှိတယ်လို့ ယုံကြည်သူပါ။ ဒါပေမယ့် ဒီရာသီ တလျောက်လုံး ရုန်းကန်နေရတာကြောင့် မာရှယ်ဟာ အားထားလို့ မရတာကြောင့် အရောင်းစာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

လာမယ့်နွေမှာ တန်ဟက် အတွက် အသုံးစရိတ် အကန့်အသတ် ရှိနေပြီး တိုက်စစ်မှုး တစ်ဦး၊ ကွင်းလယ်ဗဟို တစ်ဦး ခေါ်ယူချင်နေတဲ့ နည်းပြ အတွက် လက်ရှိ အသင်းသားတချို့ ရောင်းထုတ်ကာ အသုံးစရိတ် ပြန်ရှာဖွေဖို့ စီစဉ်လာရပါတယ်။

မန်ချက်စတာညနေခင်း သတင်း အဆိုအရ အသင်းရဲ့ အသုံးစရိတ် အကန့်အသတ် ဖြစ်နေတဲ့အတွက် သားကောင် ဖြစ်လာသူက မာရှယ် ဖြစ်ပြီး နွေမှာ ရောင်းချမယ့် ကစားသမား စာရင်းထဲ ထည့်သွင်းခံထားရပြီလို့ သိရပါတယ်။

မာရှယ် အပြင် မက်ဂွဲရား၊ တဲလက်စ်နဲ့ အီလန်ဂါတို့လည်း ယူနိုက်တက်ကနေ ထွက်ခွာဖွယ် ရှိပါတယ်။