မိုက်ကယ်အိုဝင် က ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ ရေပန်းစား အသင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ထည့်သင့်ပြီ လို့ ဒီအပတ် ပွဲတွေ အပြီးမှာ ပြောဆိုလာပါတယ်။

ဒီအပတ်မှာ အာဆင်နယ်နိုင်ပွဲရပြီး မန်စီးတီးတို့ သရေကျခဲ့တာကြောင့် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ ဂန်းနားတို့ အသာစီး ပြန်ရခဲ့ပါတယ်။ ဒါပေမယ့်လို့ တတိယနေရာမှာ ရှိနေတဲ့ ယူနိုက်တက်ကလည်း အပေါ်နှစ်သင်းနဲ့ ရမှတ်ကွာဟချက် ကျဉ်းမြောင်းလာနေပြီ ဖြစ်ပါတယ်။

အိုဝင်ကတော့ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ အာဆင်နယ်က အသာစီးရနေတယ်လို့ ယုံကြည်ထားတယ်။ ဒါပေမယ့်လို့ ထိပ်ဆုံး နှစ်သင်းရဲ့ ခြေစွမ်း မတည်ငြိမ်မှုဟာ လိဂ်ပြိုင်ဆိုင်မှု လမ်းကြောင်းကို ဖွင့်ပေးသလို ဖြစ်လာနေတယ်လို့ သူက မြင်ပါတယ်။

မိုက်ကယ် အိုဝင်က ‘ အံ့ဩစရာပဲ ဟုတ်တယ် မဟုတ်လား? မန်စီးတီးက ၅၂ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။ စုစုပေါင်း ရမှတ်အရဆိုရင် မဆိုးပါဘူး ဒါပေမယ့် ဒီရာသီမှာ မန်စီးတီးက အကောင်းဆုံး ကစားနေတယ်လို့ မခံစားရပါဘူး။

အာဆင်နယ်ဆိုရင် ဒီတလော ပွဲစဉ် ၂ ပွဲလောက်မှာ ရမှတ်တွေ ကဂျီကဂျောင် ဖြစ်ထားခဲ့တယ်။ အခုချိန်မှာတော့ သူတို့ ယုံကြည်မှုကောင်းကောင်းနဲ့ အမှတ်ပေးဇယား ထိပ်မှာ ထိုင်နေတာ ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ သူတို့က မန်စီးတီးထက် ရမှတ် နည်းနည်း ပိုသာသွားပြီလေ။

ဒါပေမယ့်လို့ အခုချိန်မှာ မန်စီးတီးက ဇယားထိပ်နဲ့ ၂ မှတ်အကွာကို ရောက်နေတာဖြစ်ပြီး ကုန်ခဲ့တဲ့ ၂ လလောက်ကို ပြန်ကြည့်မယ်ဆိုရင် သူတို့ကြား ရမှတ်ကွာဟချက်တွေ ကြီးမားခဲ့ပါတယ်။

ပရီးမီးယားလိဂ်က အလှည့်အပြောင်း များလွန်းမယ်ဆိုတာကို လူတိုင်း သိပါတယ်။ ဘယ်သူမှ မန်ချက်စတာ ယူနိုက်တက်ကို စကားထဲ ထည့်ပြောလာကြခြင်း မရှိပါဘူး။ ယူနိုက်တက်က မန်စီးတီးနဲ့ ၃ မှတ်ပဲ ကွာတာဖြစ်ပြီး သူတို့ကို ဖယ်ထုတ်လိုက်လို့ မရပါဘူး။

ဒါပေမယ့် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ အာဆင်နယ်က နေရာကောင်းက ရှိနေတယ်လို့ ပြောရပါမယ် ’ ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။