နည်းပြ အဲရစ်တန်ဟက်က မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို သူ ဘာပြောခဲ့လဲ ဆိုတာကို လူသိထင်ရှား ဖွင့်ချလာခဲ့ပါတယ်။

နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာနဲ့ ပရီးမီးယားလိဂ်ပွဲကို အနိုင်ရပြီးတဲ့နောက် ကွင်းထဲကနေ ထွက်ခွာသွားခဲ့ချိန် နည်းပြတန်ဟက်က နိုင်ပွဲအတွက် အောင်ပွဲခံနေတဲ့ ပရိသတ်တွေဆီ သွားရောက်ပြီး စကားပြောဆိုမှု လုပ်ခဲ့ပါတယ်။

အဲ့ကိစ္စအတွက် တန်ဟက်က “ ကြာသပတေးနေ့လည်း လာခဲ့ဦးနော်’လို့ ကျွန်တော် ပြောခဲ့တာပါ။ ”လို့ ထုတ်ပြောလာခဲ့ပါတယ်။

ဘာစီလိုနာကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြက “ အဲ့ဒါက အရေးကြီးပွဲလေ။ မင်းတို့ အဲ့ပွဲမှာ ရှိနေရမယ်၊ ငါတို့အတူတူ ဘာစီလိုနာကို အနိုင်ယူမယ်’လို့ ပြောခဲ့တယ်။ ပြီးတော့ ကျွန်တော့်အပေါ် ယုံကြည်မှုအတွက် ပရိသတ်တွေကို ကျေးဇူးတင်ခဲ့ပါတယ်။

ဒီကလပ်အတွက် ကျွန်တော် နစ်မြှုပ်ထားတယ်။ ဒီမှာရှိနေရတာကို သဘောကျတယ်။ ဒါပေမယ့် အဲ့ဒါက ကျွန်တော် လွှမ်းမိုးထားလို့ရတဲ့အရာ မဟုတ်ပါဘူး။ ကျွန်တော် လွှမ်းမိုးချုပ်ကိုင်နိုင်တာက အသင်းရဲ့ စွမ်းဆောင်ရည်ပဲ။

တတ်နိုင်သလောက် ကောင်းကောင်းကစားဖို့၊ အမြင့်ဆုံးအဆင့်အတန်းကို ပြသဖို့ ကျွန်တော် အရာအားလုံး ပေးဆပ်သွားမှာပါ။ ကျွန်တော်တို့က ဒီကလပ်အတွက် အစွမ်းကုန် စိတ်နှစ်ထားပါတယ် ”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

ယူရိုပါလိဂ် play-off ဒုတိယအကျော့အဖြစ် ဒီအပတ်မှာပဲ ယူနိုက်တက်ဟာ ဘာစီလိုနာကို အိမ်ကွင်းမှာ ဧည့်ခံရမှာပါ။ ဒီပွဲနဲ့ ပတ်သက်ပြီး အိုးထရတ်ဖိုဒ့်ကွင်းမှာ ကောင်းမွန်တဲ့ အားပေးမှုတွေရဖို့ တန်ဟက်က အလိုရှိနေတာပဲ ဖြစ်ပါတယ်။