ဒီနေ့ညနေ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပွဲစဉ်တွေအတွက် မဲခွဲရလဒ်တွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က နိုင်ငံတူချင်း ဒီအဆင့်မှာ မတွေ့သေးသလို နှစ်သင်းလုံးကလည်း ဒီအဆင့်မှာ အင်အားကြီးကလပ်တွေနဲ့ ထိပ်တိုက်တွေ့မှာ ရှောင်ရှား နိုင်ခဲ့ကြပါတယ်။

ယူနိုက်တက်က စပိန်ကလပ်ဖြစ်တဲ့ ရီးရဲလ်ဘက်စတစ်နဲ့ အတွဲကျနေခဲ့တာဖြစ်ပြီး အာဆင်နယ်ကတော့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ၁၆ သင်းအဆင့် မဲခွဲရလဒ် အပြည့်အစုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • Union Berlin vs Union Saint-Gilloise
  • Sevilla vs Fenerbahçe
  • Juventus vs Freiburg
  • Bayer Leverkusen vs Ferencvaros
  • Sporting vs Arsenal
  • Man United vs Real Betis
  • Roma vs Real Sociedad
  • Feyenoord vs Shakhtar Donetsk

ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေကို မတ်လ ၉ရက်နဲ့ ၁၆ ရက်တွေမှာ ယှဉ်ပြိုင်ပြီး နောက်ရက် မှာတော့ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် အဆင့် မဲခွဲမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။