ဒီနေ့ည ဝင်ဘာလေကွင်းကြီးမှာ မန်ချက်စတာ ယူနိုက်တက်ဟာ နယူးကာဆယ် အသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့ လန်ဒန်မြို့သို့ ထွက်ခွာသွားတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ၂၂ ဦး လူစာရင်းကို မန်ချက်စတာ ညနေခင်း သတင်းက ဖော်ထုတ်ခဲ့ရာ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်လည်း ပါဝင်တာ တွေ့ရပါတယ်။

မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ပြလိုက်တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ကစားဖို့ လန်ဒန်သို့ ထွက်ခွာသွားတဲ့ ယူနိုက်တက်ရဲ့ ၂၂ ဦး လူစာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Confirmed United travelling squad members:

  • De Gea, Heaton, Butland,
  • Dalot, Wan-Bissaka, Varane, Martinez, Lindelof, Maguire, Shaw, Malacia,
  • Casemiro, McTominay, Fred, Sabitzer, Elanga, Fernandes, Sancho, Garnacho,
  • Antony, Rashford, Weghorst.

ပွဲတိုင်းလိုလို ဂိုးသွင်းခြေ ရနေတဲ့ တိုက်စစ်မှုး ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘာစီလိုနာနဲ့ ယူရိုပါလိဂ်ပွဲ ပြီးခါနီးမှာ နာသွားဟန် ရှိခဲ့တာကြောင့် ဖလားလုပွဲမှာ မပါဝင်နိုင်တော့မှာ စိုးရိမ်ခဲ့ကြပါတယ်။ အင်္ဂလန် သားဟာ ဒီရာသီမှာ နိုင်ငံနဲ့ ကလပ် အသင်း အတွက် ၄၂ ပွဲ ကစား ၂၇ ဂိုးထိ သွင်းယူထားတာပါ။

သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲမှာတော့ နည်းပြ တန်ဟက်က ရက်ဖို့ဒ် အပါအဝင် ဒဏ်ရာရ ကစားသမားတွေရဲ့ အနေအထားကို ဆေးအဖွဲ့က စစ်ဆေးပြီး ကစားနိုင်မလား အတည်ပြုရမှာ ဖြစ်ကြောင်း အသိပေးထားခဲ့ပါတယ်။

ဗိုလ်လုပွဲ သွားတဲ့ ယူနိုက်တက် လူစာရင်းမှာ ဂိုးသမား ၃ ဦး လုံး ပါဝင်သွားပါတယ်။ ကာရာဘောင်း ဖလား ဗိုလ်လုပွဲ ပြီးခဲ့တဲ့ ၇ ပွဲထဲမှာ ၃ ပွဲက ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ခဲ့ပြီး ယူနိုက်တက်ရဲ့ ပွဲထွက် ဂိုးသမား ဒီဂီယာက ပင်နယ်တီ ကာကွယ်မှု မှတ်တမ်း သိပ် မကောင်းမွန်ပါဘူး။