မန်ျက်စတာ ယူနိုက်တက်ဟာ ဒီတစ်ပတ် အန်ဖီးမှာ ကစားမယ့်ပွဲမှာ လီဗာပူး ခံစစ်ကို ပစ်မှတ်ထား ထိုးနှက် ရလိမ့်မယ်လို့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံး၄ပွဲမှာ ၃ပွဲ အနိုင်ရထားပါတယ်။ ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီ နောက်တန်းမှာ အားနည်းနေပုံပေါ်ခဲ့ပြီး သူတို့ရဲ့ ခံစစ်ဟာ ယူနိုက်တက်တို့ အမြတ်ထုတ်ချင်နေမယ့်အရာ ဖြစ်တယ်လို့ နဗီးက ထင်မြင်နေပါတယ်။

ဒီပွဲမှာ ရက်ဖိုဒ့် ဦးဆောင်တဲ့ တိုက်စစ် ပစ်မှတ်ထားရမယ့် လီဗာပူး ကစားသမား က ထရန့်ဖြစ်ကြောင်း နဗီးလ်က ထောက်ပြခဲ့ပါတယ်။

“ သူတို့ ထရန့်ကို ပစ်မှတ်ထားကြလိမ့်မယ်။ လုခ်ရှောနဲ့အတူ ရက်ဖို့ဒ်က ဘယ်ခြမ်းမှာ ကစားတာပါ။ ယူနိုက်တက်ရဲ့ ဘယ် တောင်ပံတိုက်စစ်က သိပ်ကောင်းတယ်။ ရက်ဖို့ဒ်က မယုံနိုင်စရာ ခြေစွမ်းပြသနေပြီး ဒီအခွင့်အရေးကို သဘောကျနေမှာပါ။

ယူနိုက်တက်ဟာ ထရန့်အပြင် လီဗာပူးရဲ့ နောက်တန်း လေးယောက်လုံးကို ပစ်မှတ်ထားမှာပါ။ ဘာလို့လဲဆိုတော့ သူတို့က တစ်ရာသီလုံး ခံစစ်ပိုင်း အားနည်းချက်တွေကို ပြသခဲ့တာပါ။ ယူနိုက်တက်က သူတို့ကို ထိုးနှက်နိုင်မယ်လို့ ယုံကြည်နေလိမ့်မယ်။ ” လို့ နဗီးက မှတ်ချက်ပေးခဲ့တယ်။

ထရန့် အလက်ဇန်းဒါး အာနိုးဟာ လီဗာပူး အားထားရတဲ့ လူငယ် ကြယ်ပွင့် အဖြစ် ထွန်းတောက် လာခဲ့ပေမယ့် ဒီနောက်ပိုင်း သူ့ရဲ့ ခံစစ် ကစားပုံက မေးခွန်းထုတ်ခံခဲ့ရပါတယ်။

နဗီး က “ညာနောက်တန်းကနေ ထရန့် လုပ်သလို ဘောလုံးကန်နိုင်တဲ့သူမျိုး ကျွန်တော် မတွေ့ဖူးခဲ့ပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ ခံစစ်တာဝန်တွေကို အလျင်မီအေင် မလုပ်နိုင်ရင် ပြဿနာတက်လိမ့်မယ်လို့ ကျွန်တော် အမြဲခံစားခဲ့ရတယ်။ အဲ့ဒီ အခိုက်အတန့်က ရောက်လာခဲ့ပါပြီ ” လို့ ဆိုခဲ့ပါတယ်။