အာဆင်နယ်ဟာ ပွဲအစ ၉ စက္ကန့်မှာ ဦးဆောင်ဂိုး ပေးခဲ့ရသလို ၂-၀ ဖြင့် အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးတွေ သွင်းခဲ့သလို နယ်ဆန် နောက်ဆုံး စက္ကန့် သွင်းဂိုးနဲ့အတူ ပွဲကို ၃-၂ ဖြင့် အနိုင်ရအောင် ပြန်လာနိုင်ခဲ့ပါတယ်။

အာဆင်နယ်ရဲ့ အမှတ်ပေးဖလားကို အဆုံးအဖြတ် ဖြစ်သွားစေနိုင်တဲ့ ရော့ကတ် ကန်ချက်ဟာ နောက်ဆုံး အချိန်မှာ လူးစားဝင် တိုက်စစ်မှူး နယ်ဆန်က ရယူပေးခဲ့တာပါ။ သူဟာ ဘမ်ဝိုက် ဂိုးရဖို့လည်း ကူညီပေးခဲ့နိုင်ပါသေးတယ်။

ပရီးမီးယားလိဂ် ပွဲသုံးသပ်သူတွေ ဖြစ်တဲ့ ခရစ်ဆက်တန်နဲ့ ပေါမာဆန်က တို့ကတော့ ညက ပွဲ အပြီးမှာ ဒီရာသီရဲ့ ချန်ပီယံက အာဆင်နယ် ပဲ လို့ တညီတည်း လေသံထွက် ချီးကျူးလာခဲ့ပါတယ်။

ပွဲအပြီးမှာ ဆက်တန်က ” ဒီနေ့လို ခံစားချက်အရဆိုရင် ဒီရာသီဟာ အာဆင်နယ်ရဲ့ ရာသီဖြစ်တယ်လို့ ခံစားရပါတယ်။ မယုံနိုင်လောက်တဲ့ ပြန်လာနိုင်မှုပါပဲ။ နယ်ဆန်ရဲ့ ရော့ကတ် ကန်ချက်က ဒီပွဲကို ဖြေရှင်းခဲ့ပါတယ် ” လို့ သူ့ရဲ့ အမြင်ကို လူမှုကွန်ယက်ကနေ ဖော်ထုတ်ခဲ့တာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကလည်း ” အာဆင်နယ်ပဲ ပရီးမီးယားလိဂ် ဖလား အနိုင်ရမယ်လို့ ထင်ပါတယ်။ ကျွန်တော် တကယ် ယုံကြည်ပါတယ်။ သူတို့တွေက ရှေ့ကို ဆက်ပြီးတော့ သွားနေကြပြီး ဒါက အခုဆိုရင် ၄ ပွဲဆက်နိုင်ပွဲပါ။ ” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ မန်စီးတီးနဲ့ ၅ မှတ် ဆက် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ အာဆင်နယ်က ဒီအပတ် ကြားရက်မှာ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုပါလိဂ်ပွဲ ဆက်လက် ယှဉ်ပြိုင်ရဦးမှာပါ။