ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မဲခွဲမှု အပြီး ဂျေမီကာရေဂါက နာပိုလီကို ချန်ပီယံလိဂ်ဖလား အောင်မြင်စေချင်ကြောင်း ထုတ်ပြောခဲ့ပါတယ်။

နာပိုလီဟာ သူတို့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် အီတလီပြိုင်ဘက် အေစီမီလန်နဲ့ တွေ့ရတော့မှာပါ။
အနိုင်ရလို့ရှိရင် သူတို့ဟာ ဆီမီးဖိုင်နယ်မှာ အင်တာမီလန် ဒါမှမဟုတ် ဘင်ဖီကာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

စီးရီးအေဇယားထိပ်မှာ ၁၈ မှတ်အသာနဲ့ ဦးဆောင်ထားတာကြောင့် နာပိုလီဟာ ဒီမဲခွဲရလဒ်မှာ ဖိုင်နယ်ရောက်ဖို့ ရေပန်းစားနေတာဖြစ်ပြီး ကာရေဂါကလည်း ၎င်းတို့ဟာ ဖိုင်နယ်ထိ ရောက်ရှိကာ လုံးဝ နတ်သမီးပုံပြင်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ ကျွန်တော်ကတော့ နာပိုလီကို ဖလားရစေချင်တယ် ” လို့ ကာရေဂါက ပြောကြားခဲ့တာပါ။ နာပိုလီဟာ မဲနှစ်ခြမ်းခွဲရာမှာ ချယ်ဆီး၊ မန်စီးတီး၊ ဘိုင်ယန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ရှောင်လွှဲနိုင်ခဲ့တာပါ။

“ အခု နာပိုလီက ပုံစံကောင်းရနေတဲ့ အသင်းလို့ ကျွန်တော် ထင်တယ်။ ခင်ဗျားတို့က အသင်းကြီးတွေ ဖလားရဖို့ မျှော်လင့်နေပေမယ့် ကျွန်တော်ကတော့ သူတို့တွေကို အောင်မြင်စေချင်ပါတယ်။ ဒါပေမယ့် ဒီရာသီ မန်စီးတီးအတွက် ဖြစ်နိုင်လောက်တယ်”လို့ ကာရေဂါက ဆိုပါတယ်။

ကာရေဂါရဲ့ လုပ်ဖော်ကိုင်ဖက် မီကာရစ်ချတ်ကတော့ မဲမခွဲခင်ကတည်းက နာပိုလီကို ထောက်ခံခဲ့တာပါ။

“ ကျွန်တော်ကတော့ နာပိုလီရမယ် ထင်တယ်။ နာပိုလီရဲ့ခြေစွမ်းက သိပ်ကောင်းနေတာပါ။ ထူးချွန်နေတဲ့ ရေပန်းစားသူတွေကြောင့် ဒါက ခက်တော့ခက်ပါတယ်။ ရာသီအဆုံးသတ်မှာ အသင်းတွေက ပိုကောင်းလာကြတယ်။ ဒါပေမယ့် နာပိုလီကို ဖလားရမယ် ထင်ပါတယ်။ သူတို့က တကယ် ထူးချွန်ပါတယ်။

ကျွန်တော်က လောင်းကစားသမားဆိုရင် နာပိုလီကို ပုံအပ်ထားမှာပါ။ သူတို့က ခံစစ်ရော တိုက်စစ်ရောကောင်းတယ်။ ရာသီကုန်ခါနီးကျရင် အသင်းတွေက ခြေတက်လာဦးမှာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်က နာပိုလီပါပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။