မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ကာဆီမီရို မပါဘဲ ကစားတဲ့ ပွဲမှာ နယူးကာဆယ် အသင်းကို ၂-ဝ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
ထို ရှုံးပွဲ အပြီးမှာ ယူနိုက်တက် ကွင်းလယ် ကစားသမား ကာဆီမီရို ဟာ အသင်းရဲ့ ဂိုးသွင်းစက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ထက်တောင် အရေးပါတဲ့ အသင်းသား ဖြစ်နေတယ် ဆိုတာ အချက်အလက်တွေ ထွက်ပေါ်လာနေပါတယ်။
ကာဆယ်ကို ရှုံးတဲ့ ပွဲဟာ ယူနိုက်တက် အတွက် ဘရာဇီးသား ကွင်းလယ် ကစားသမား မပါတဲ့ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၄ ပွဲမြောက် ရှုံးနိမ့်ခြင်းလည်း ဖြစ်လာပါတယ်။
နှိုင်းယှဉ်ပြောရမယ် ဆိုရင် ကာဆီမီရို ပါတဲ့ ဒီရာသီ ယူနိုက်တက် ပွဲ ၁၉ ပွဲမှာ ၃ ပွဲသာ ရှုံးနိမ့် ထားခဲ့တာ ဖြစ်ပြီး ယူနိုက်တက်ရဲ့ ကွင်းလယ် ကျောရိုးကနေ အသင်းကို ခိုင်မာအောင် ထောက်ပံ့ပေးထားတာ မြင်သာစေပါတယ်။
ဒီရာသီ ယူနိုက်တက် အတွက် ၂၇ ဂိုးထိ သွင်းပေးထားတဲ့ မားကပ် ရက်ဖို့ဒ်တောင် မနေ့ညက ရှုံးပွဲမှာ ပါဝင်ခဲ့ပြီး အသင်းအတွက် ဘယ်လိုမှ မကယ်တင်ပေးနိုင်ခဲ့ပါဘူး။
ဒါကြောင့် ကာဆီမီရိုဟာ အငြင်းပွားစရာ မလိုဘဲ ယူနိုက်တက်ရဲ့ လက်ရှိ အရေးကြီးဆုံး ကစားသမား ဖြစ်လို့နေပါတယ်။ သူက ကွင်းလယ်ကနေ အသင်းရဲ့ တိုက်စစ်နဲ့ ခံစစ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်သူပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ထပ် ပရီးမီးယားလိဂ် နှစ်ပွဲ ကာဆီမီရို မပါဝင်ဘဲ ကစားရဦးမှာ ဖြစ်ပြီး လာမယ့် ဘရန့်ဖို့ဒ်နဲ့ အဲဗာတန် တို့ပွဲတွေမှာလည်း ဘရာဇီးသားဟာ ပွဲပယ်ကြောင့် ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။