နည်းပြ ဂရေဟမ် ပေါ်တာဟာ ချယ်ဆီးကနေ ထုတ်ခံရပြီးနောက် လက်စတာ နည်းပြ ရာထူးအတွက် ကမ်းလှမ်းမှု ချက်ချင်း ရခဲ့ပေမယ့် ငြင်းပယ်ခဲ့ပြီး အနည်းဆုံး ဒီရာသီကုန်ထိ အနားယူဖို့ ရွေးချယ်သွားပါတယ်။

ပီအက်စ်ဗွီကြယ်ပွင့် ဇာဗီဆိုင်မွန်ဟာ ပီအက်စ်ဂျီ အသင်းထံ ပြန်ဖို့ စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ ပြင်သစ်ကလပ်ဟာ သူ့ကို ပီအက်စ်ဗွီကနေ ယူရို၁၂သန်းနဲ့ ပြန်ဝယ်လို့ ရပေမယ့် နယ်သာလန်သားကတော့ အခုကလပ်မှာ ပျော်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ မက်ဆီကို ပြန်လည် ခေါ်ယူနိုင်ဖို့ လိုအပ်တဲ့ ငွေကြေးအတွက် စပွန်ဆာသစ် ရှာဖွေနေပါတယ်။

မန်စီးတီး တိုက်စစ်မှုး ဟာလန်း က လာမယ့် စနေနေ့ ဆောက်သမ်တန်နဲ့ ပွဲမှာတော့ ပြန် ပါဝင် ကစားနိုင်ဖွယ် ရှိပါတယ်။

ဘိုင်ယန်မြူးနစ် မန်နေဂျာ သောမတ်စ် တူချယ်ဟာ အငှား ခေါ်ထားတဲ့ မန်စီးတီး အစွန် နောက်ခံလူ ကန်ဆယ်လို ကို ဆက်ခေါ်ထားဖို့ လိုလားခြင်း မရှိဘူးလို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ ပေါ်တာကို ထုတ်ပယ်လိုက်ပြီးနောက် နည်းပြသစ် ရှာဖွေနေပြီး ၎င်းတို့ ဦးစားပေး ပစ်မှတ် ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ဂျူလီယန် နေဂဲစ်မန်းကတော့ ချယ်ဆီးနည်းပြ ရာထူးကို စိတ်မဝင်စားဘူးလို့ ဂျာမနီက သတင်းတွေမှာ ဖော်ပြနေပါတယ်။

ပေါ်တာ နေရာ ဆက်ခံဖွယ် ရှိတဲ့ နည်းပြလောင်း စာရင်းမှာ မာကို ဆေးလ်ဗားလည်း အံ့အားသင့်ဖွယ် ပါဝင်လာပါတယ်။ ဒါ့အပြင် ဇီဒန်းနဲ့ စပါးနည်းပြဟောင်း ပိုချက်တီနို တို့လည်း ထိုစာရင်းမှာ ပါဝင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နွေမှာ ခေါ်မယ့် တိုက်စစ်မှုး ပစ်မှတ်ဟာ လုံးဝကို ဟယ်ရီကိန်းပဲ လို့ အတည်ဖြစ်နေကြောင်း အင်္ဂလန် သတင်းတွေက ဆိုပါတယ်။

ချယ်ဆီးက ဒီနွေမှာ ဂျွာအိုဖီးလစ်ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးစားနိုင်ပေမယ့် ယူနိုက်တက်က အခြေအနေကို စောင့်ကြည့်နေပြီး ဝင်လုနိုင်ဖွယ် ရှိပါတယ်။

ဘာစီလိုနာ အသင်းကတော့ မန်စီးတီး ပစ်မှတ်ထားနေတဲ့ လူငယ်ကြယ်ပွင့် အန်ဆု ဖာတီ အတွက် ပေါင် သန်း ၉ဝ လို့ ဈေးသတ်မှတ်လိုက်ပြီး အဲဒီထက် နည်းတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ ညှိနှိုင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ်ကို အာဆင်နယ်က လာမယ့်နွေ သေချာပေါက် ခေါ်ဖို့ ပစ်မှတ် ထားနေပြီး ပေါင် သန်း ၁ဝဝ ထက် များတဲ့ ပမာဏနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ခရိုအေးရှား တိုက်စစ်မှုး ဘရူနို ပက်ကိုဗစ် ကို နွေမှာ ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် ၃သင်းက ဆက်သွယ်လာကြောင်း သတင်းထွက်လာပါတယ်။ ဒိုင်နမို ဇာဂရက်မှာ ကစားနေတဲ့ တိုက်စစ်မှုးဟာ ၂၀၂၄ မှာ စာချုပ်ကုန်မှာ ဖြစ်ပြီး အသင်းသစ် ရှာဖွေဖို့ များပါတယ်။