မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ည စနေနေ့က အိုးထရက်ဖို့ဒ်မှာ ဝုဗ်အသင်းကို ဧည့်ခံ ကစားရာ မာရှယ်၊ ဂနာချို တို့ သွင်းဂိုးတွေနဲ့ အတူ နိုင်ပွဲကောင်း ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ပွဲတွေမှာ အမှတ်လျော့ထားတာကြောင့် ဒီတပတ် ဝုဗ်နဲ့ ပွဲဟာ ယူနိုက်တက်တို့ နိုင်ကို နိုင်ရမယ့် ပွဲ အဖြစ် ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့နိုင်ပွဲ ရခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် ၈၀% လောက် သေချာသွားခဲ့ပြီ ဖြစ်ကာ လီဗာပူးကို ၄ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။
ယူနိုက်တက် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကတော့ မန်ချက်စတာ ကလပ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ဘယ်အသင်းကိုမှ ကြည့်နေစရာ မလိုဘဲ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့် ရှိပြီ လို့ ပွဲအပြီးမှာ အသိပေးလိုက်ပါတယ်။
ဖာနန်ဒက်စ်က ” အသင်းက စိတ်ဓာတ်အပြည့်ပဲဗျာ။ တကယ်လည်း ပရိုဆန်တဲ့ ခြေစွမ်း မြင်ခဲ့ရတယ်။ ၃ မှတ်ပြည့် ရဖို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာနဲ့ top four ထဲ အပြီးသတ် ဝင်ရောက်ဖို့ အရေးကြီးတယ် ဆိုတာ ကျနော်တို့ သိတယ်။
ကျနေ်ာတို့ အဆင့် ၄ အတွင်း နေရာကို ထိန်းဖို့ ဆိုရင် နောက်ထပ် ၆ မှတ် လိုပါမယ်။ ကျနော်တို့ ကိုယ့်ပွဲတွေ ကိုယ် နိုင်ရင် ချန်ပီယံလိဂ် ကစားရမယ်။ ဘယ်သူ့ကိုမှ အာရုံစိုက်နေစရာ မလိုဘူး။ အခွင့်အရေးက ကျနေ်ာတို့ လက်ထဲမှာပါ။ ” လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။
လူငယ် ကစားသမားလေး ဂနာချို ဝုဗ်ဘက်ကို ဂိုးသွင်းနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အဝတ်လဲခန်းမှာ အားလုံး အရမ်း ပျော်ရွှင်နေကြကြောင်းကိုလည်း ဘရူနို ဖာနန်ဒက်စ်က ပွဲပြီး အင်တာဗျူးမှာ ဖွင့်ဟသွားပါတယ်။
” မန်ချက်စတာ ယူနိုက်တက် အတွက် ကစားပေးဖို့ ဆို မင်းက စပါယ်ရှယ် ဖြစ်နေမှရမယ်။ ဒီအသင်းက ခမ်းနား ကြီးကျယ်တဲ့ အသင်းပါ။ အခု ဂနာချို တစ်ယောက် ထွန်းပေါက် လာခဲ့ပြီ။ ကျနေ်ာတို့ သူ့အတွက် အရမ်း ပျော်ပါတယ်။ ” လို့ ပေါ်တူဂီသားက ဆိုခဲ့ပါတယ်။