မန်ချက်စတာ စီးတီးကတော့ ဒီနေ့ည ဝင်ဘာလေမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ၂-၁ နဲ့ အနိုင်ရပြီး ဒီရာသီ ဒုတိယမြောက် ဆုဖလားကြီး သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။

စီးတီးဟာ မြို့ခံ ပြိုင်ဘက် ယူနိုက်တက် အား ဘောလုံး ပိုင်ဆိုင်မှု၊ တိုက်စစ်ဆင်မှု များစွာ အသာစီးယူကာ ကစားသွားခဲ့တာပါ။ စီးတီးအတွက် သွင်းဂိုး ၂ ဂိုးလုံးကို ကွင်းလယ်လူ အသင်းခေါင်းဆောင် ဂွမ်ဒိုဂန်က သွင်းယူ သွားခဲ့ပါတယ်။

ဒီညပွဲ ရဲ့ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့တဲ့ စီးတီး ကွင်းလယ်လူ ဂွမ်ဒိုဂန် ကလည်း ဖလား ၃ လုံး အခွင့်အရေး အတွက် အခုလို ကြေညာချက် ထုတ်ကာ ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ လုံးဝ ထူးရှယ် ကိစ္စ လုပ်ပြနိုင်မယ့် အခွင့်အရေး ရှိနေပြီ။ ဖလား ၃ လုံးရအောင် ယူမယ်။ ဒီ အခွင့်အရေးကြီး ဒီတိုင်း ပြီးသွားမှာကို လက်ပိုက် ကြည့်မနေနိုင်ဘူး။

ကျနော် ပရိသတ်တွေကို ကတိပေးနိုင်ပါတယ်။ အစ္စတန်ဘူလ်မှာ အစွမ်းကုန် ထုတ်ပြီး နိုင်အောင် ကန်မယ်ဗျာ။ နောက်ပွဲက အင်တာမီလန်ပဲ။ ” လို့ ဂွမ်ဒိုဂန်က ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ အင်တာမီလန်အသင်းတို့ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် နောက်အပတ် ဇွတ် ၁၁ ရက်၊ တနင်္ဂနွေနေ့ နံနက် ၁း၃၀ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကာ ဥရောပဖလား လုကြတော့မှာ ဖြစ်ပါတယ်။