ဒီအပတ် စနေနေ့ အစောဆုံးပွဲအဖြစ် လီဗာပူးအသင်းဟာ ဝုဗ်အသင်း အိမ်ကွင်းထံသွားပြီး ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရာသီစ ၁၂ မှတ်ရနိုင်ချေထဲက ၁၀ မှတ် ယူထားနိုင်တဲ့ လီဗာပူးအသင်းဟာ ဝုဗ်နဲ့ပွဲကို အနိုင်ယူပြီး တာထွက်ကောင်းနေမှုကို ဆက်ထိန်းလိုမှာပါ။ ဒါပေမယ့် ကလပ်ဟာ ပွဲပန်းခြင်းနဲ့ ဒဏ်ရာ ပြဿနာ အချို့ မဖြစ်လာရေး ရင်ထိတ်ရမယ့် ကိစ္စ အချို့ ရှိနေပါတယ်။

အာဂျင်တီးနား၊ ဘရာဇီး၊ ကိုလံဘီယာ၊ ဥရုဂွေးအသင်းတို့ကို ကိုယ်စားပြုပြီး မက်ကယ်လစ္စတာ၊ အယ်လီဆန်၊ လူချို၊ ဒါဝင်တို့ဟာ လက်ရွေးစင်ပွဲတွေ ယှဉ်ပြိုင်ထားတာဖြစ်ပါတယ်။ သူတို့ဟာ အင်္ဂလန်ကို ပြန်လာရာမှာ လမ်းခရီး ရှည်လျားမှုကြောင့် ကျန်တဲ့ လီဗာပူး အသင်းဖော်တွေလောက် အနားရဖို့ မရှိပါဘူး။

ဥရုဂွေး လူစာရင်းမှာ ဒါဝင် ကြွက်သားဒဏ်ရာ ရရှိသွားပြီး ထရန့်က တံကောက်ကြောကြောင့် ဝုဗ်ပွဲမှာ မပါနိုင်ပါဘူး။ သီယေဂို၊ ကိုနာတေးတို့ ပွဲထွက်လူစာရင်းက ပါနိုင်ဖို့ မသေချာသေးချိန် ဗန်ဒိုက်ကလည်း ပွဲပယ် ပြဿနာ ရှိနေတာပါ။

တောင်အမေရိက ကစားသမားတွေဖြစ်တဲ့ မက်ကယ်လစ္စတာ၊ ဒီယက်စ်တို့ အက်ဆာကို ပြန်ရောက်လာချိန်ဟာ ဝုဗ်နဲ့ပွဲ မကစားခင် ၂၄ နာရီ ဒါမှမဟုတ် ၃၆ နာရီ အလိုဖြစ်မယ်လို့ ယူဆရတာကြောင့် ဝုဗ်ပွဲမှာ ပွဲထွက် လူစာရင်းကနေ ပါနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ခံထားရတာ ဖြစ်ပါတယ်။