ဒီနေ့ည မြူးနစ်မြို့မှာ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ မတိုင်ခင် ယူနိုက်တက်ရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ဗာရန်းနဲ့ မောင့်တို့ ပြန်လည် ပါဝင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ခရီးထွက်သွားတဲ့ လူစာရင်းမှာတော့ မပါဝင်သွားပါဘူး။
အင်္ဂလန် နောက်ခံလူ မက်ဂွဲရားကလည်း ဒဏ်ရာ ရှိနေတာကြောင့် ဘိုင်ယန်နဲ့ ပွဲ အတိုင် လိုက်ပါမသွားပါဘူး။
အင်္ဂါနေ့ က ယူနိုက်တက်ရဲ့ ကာရင်တန် ထရိန်နင်မှာ ကစားသမား ၂၄ ယောက် အတူ ပါဝင် လေ့ကျင့်ခဲ့တာ တွေ့ရပြီး အမ်မရာဘတ်နဲ့ မိုင်နူးကတော့ ပြန်လည် ကြံ့ခိုင်ရေးအတွက် သီးသန့် လေ့ကျင့်နေခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ပွဲ အတွက် မြူးနစ်မြို့သို့ လိုက်ပါသွားတဲ့ ယူနိုက်တက်ရဲ့ လူစာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Goalkeepers: Altay Bayindir, Tom Heaton, Andre Onana, Radek Vitek.
Defenders: Victor Lindelof, Lisandro Martinez, Sergio Reguilon, Diogo Dalot, Jonny Evans.
Midfielders: Bruno Fernandes, Christian Eriksen, Casemiro, Facundo Pellistri, Scott McTominay, Dan Gore, Hannibal.
Forwards: Anthony Martial, Marcus Rashford, Rasmus Hojlund, Alejandro Garnacho, Omari Forson.
နောက်ခံလူ ၅ ဦးသာ ခေါ်ယူသွားပြီး လူငယ် ခံစစ်သမားတွေကိုတော့ မခေါ်ဘဲ လူငယ် ဂိုးသမား ကိုသာ အပို ထည့်ခေါ်သွားတဲ့ ယူနိုက်တက် လူစာရင်းအတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ခံစစ်မှာ အင်အား မလုံလောက်တာကြောင့် ဘရူနို ဖာနန်ဒက်စ် တစ်ယောက် နောက်ဆင်း ကစားရဖွယ်လည်း ရှိနေပါတယ်။