အာဆင်နယ်အသင်းဟာ မနေ့ညက ဘရန့်ဖိုဒ့်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်တဲ့ ကာရာဘောင်းပွဲစဉ်မှာ နယ်ဆန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

ဘရန့်ဖိုဒ့်အသင်းရဲ့ အပိုင် အခွင့်အရေးကို ဂိုးလိုင်းနားမှာ ခန္ဓာကိုယ်ကို ပစ်ဝင်ပြီး ကာကွယ်နိုင်ခဲ့ခြင်းအတွက် ကီဝီအာကို ချီးကျူးနေကြပါတယ်။

ကာရာဘောင်းဖလား စတုတ္ထအဆင့်မှာတော့ အာဆင်နယ်ဟာ လန်ဒန်ဒါဘီအဖြစ် အဝေးကွင်းမှာ ဝက်စ်ဟမ်းအသင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးကတော့ တတိယအဆင့်မှာတင် နယူးကာဆယ်ကို ရှုံးနိမ့်ပြီး ထွက်သွားရပါပြီ။

ပွဲထွက်လူစာရင်းမှာ ခေါက်ထားခံရပြီးနောက် ပြန်ကစားရတဲ့ ဂိုးသမား ဘရန့်ဖိုဒ့်ပွဲမှာ ရမ်စ်ဒယ် ပြသခဲ့တဲ့ စွမ်းဆောင်ရည် ကို ကျေနပ်မိကြောင်း နည်းပြအာတီတာက ပြောလာပါတယ်။

အာဆင်နယ်ဟာ ဖီယင်နုအသင်းမှ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး ဂီမီနက်စ်ကို လေ့လာမှုတွေ လုပ်နေပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူလိုတယ်ဆိုရင် FFP နဲ့ မညိအောင်လို့ ကစားသမား ရောင်းချမှု အရင် လုပ်နိုင်ရမှာ ဖြစ်ပါတယ်။

ဇန်နဝါရီမှာ တိုက်စစ်မှူး အန်ကတ်တီးရားကို အလိုက်ပေးပြီး ဘရန့်ဖိုဒ့်ကနေ တိုးနေးကို ခေါ်ယူနိုင်ဖို့ အာဆင်နယ် အသင်း ကြိုးစားမယ်လို့ သတင်းထွက်နေပါတယ်။

ဒီအပတ် စနေနေ့မှာ အာဆင်နယ်ဟာ ဘုန်းမောက်အသင်း ကွင်းထံသွားပြီး ပရီးမီးယားလိဂ် ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။