ချယ်ဆီးအသင်းဟာ မနေ့ညက ကစားသွားတဲ့ ကာရာဘောင်း လိဂ်ဖလား တတိယအဆင့် ပွဲစဉ်မှာ ဘရိုက်တန် အသင်းကို ၁-ဝ နဲ့ နိုင်ကာ နောက်တစ်ဆင့် တက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ဂိုးမိုးခေါင်နေတဲ့ တိုက်စစ်မှုး နစ်ကိုးလပ်စ် ဂျက်ဆန် ဂိုးသွင်းနိုင်ခဲ့တာကလည်း ကျေနပ်စရာ ဖြစ်ခဲ့တာပါ။ ဂျက်ဆန် ရဲ့ သွင်းဂိုးက တစ်ချက်ခုတ် ၃ ချက်လောက် ပြတ်သွားကာ ချယ်ဆီးအသင်းကို များစွာ အကျိုး ဖြစ်စေခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ချယ်ဆီးအသင်းက ဖလားပွဲမှာ နောက်တစ်ဆင့် တက်နိုင်ခဲ့သလို ဒီစက်တင်ဘာလ အတွက် အရှက်ကွဲဖို့ လက်တစ်လုံးသာ လိုတော့တဲ့ ချယ်ဆီးအသင်းကိုလည်း ကယ်ဆယ်ရာ ရောက် သွားခဲ့တာပါ။

ဂျက်ဆန် ဂိုးမသွင်းခင်က ချယ်ဆီးအသင်းဟာ စက်တင်ဘာလ အကောင်းဆုံး ဂိုး ဆုပေးဖို့ အတွက်ကို တစ်လလုံး သွင်းဂိုး တစ်လုံးမှတောင် မရှိလို့ အခက်တွေ့နေခဲ့တာ ဖြစ်ပါတယ်။

အခုတော့ နစ်ကိုးလပ်စ် ဂျက်ဆန်က လ မကုန်ခင် ၃ ရက် အလိုမှာ ဂိုးသွင်းပေးလိုက်တာကြောင့် ဆုပေးဖို့ တစ်ဂိုး ပြိုင်ဘက် မရှိ ရရှိသွားခဲ့ပါပြီ။

ဂျက်ဆန် ဂိုးသွင်းနိုင်တာနဲ့ ပတ်သတ်ပြီး နည်းပြ ပိုချက်တီနိုက ” တိုက်စစ်သမားတွေ ဂိုးပေါက် ပြန်တွေ့တယ် ဆိုတာကလည်း သိပ် အရေးကြီးတယ်။ သူ (ဂျက်ဆန်) ကလည်း တကယ်ကို ကစားတာ ကောင်းခဲ့တယ်။ ” လို့ ချီးကျူးစကား ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီ နိုင်ပွဲ ရလဒ် အပေါ် နည်းပြ ပိုချက်တီနိုက ကျေနပ်နေပြီး နိုင်ပွဲနဲ့ အတူ ချယ်ဆီး ရလဒ်ဆိုးတွေကနေ ရုန်းထနိုင်ပြီး အလှည့်အပြောင်း ဖြစ်သွားမယ် လို့လည်း ယုံကြည် မျှော်လင့်နေပါတယ်။