နယူးကာဆယ်ကို ၁-၀ ဖြင့် အရေးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ချန်ပီယံဖြစ်ဖို့ အားနည်းချက်တွေ ရှိနေကြောင်း သုံးသပ်ခံလာရပါတယ်။
VAR ဆုံးဖြတ်ချက်ကို အငြင်းပွားခဲ့ကြပေမယ့် ဒီပွဲမှာ အာဆင်နယ်တို့ အနိုင်ရသင့်တဲ့ ခြေစွမ်းမျိုး မရှိတာကိုတော့ လက်ခံခဲ့ကြပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးကို ယှဉ်ပြိုင် ကျော်ဖြတ်နိုင်အောင် လူစာရင်း တောင့်တင်းမှု မရှိဘဲ အရန်ခုံကနေ ပွဲအဖြေ ပြောင်းပေးနိုင်မယ့်သူ မရှိဘူး ဖြစ်နေပါတယ်။
WSL ချန်ပီယံဖြစ်တဲ့ Christiansen မှတ်ချက်ပေးရာမှာ ‘ အာဆင်နယ်က အခွင့်အရေး မယ်မယ်ရရ ဖန်တီးနိုင်ခဲ့ခြင်း မရှိပါဘူး။ နယူးကာဆယ်က နိုင်ပွဲ ပိုလိုချင်ခဲ့ပြီး အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့တယ်။
စီးတီးမှာက ဂရီလစ်နဲ့ ဒိုကူတို့ကို အလှည့်ကျ သုံးနိုင်တယ်။ သူတို့က ကစားသမား တစ်ယောက် ဦးတည် ပစ်မှတ်ထားခံရချိန်မှာ အလှည့်အပြောင်း လုပ်နိုင်ပါတယ် ‘ လို့ မှတ်ချက်ပေးခဲ့တယ်။
တွဲဘက် သုံးသပ်သူ ကာရေဂါကလည်း ပရီးမီးယားလိဂ်ဖလား လွဲချော်သွားရအောင် အာဆင်နယ်အသင်းမှာ အားနည်းနေတဲ့ နေရာ ၂ ခုကို ထောက်ပြခဲ့ပါတယ်။
ကာရေဂါကလည်း ‘ အာဆင်နယ်မှာ ပရီးမီးယားလိဂ်ဖလား အနိုင်ရစေလောက်တဲ့ တိုက်စစ်မှူးနဲ့ ဂိုးသမားမျိူး ရှိနေလား? ကျနော်တို့ သူတို့မှာ ရှိတယ် မမြင်မိဘူး။ ရမ်စ်းဒယ်ကော၊ ရာယာပါ အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလား အောင်မြင်စေမယ့်သူတွေ မဟုတ်ပါဘူး
ရိုက်စ်ကို ခေါ်ယူလိုက်လို့ အာဆင်နယ် တိုးတက်လာတာ မှန်ပါတယ်။ သူတို့ကို ကြည့်ရတာ လိုက်လျောညီထွေ မဖြစ်ပါဘူး။ မနှစ်ကဆိုရင် အာဆင်နယ် ကစားတာ အရမ်းကို ကောင်းခဲ့တာပါ ‘ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။