ဒီတပတ် ပရီးမီးယားလိဂ် ပွဲကောင်းတွေကတော့ မပြီးဆုံးသေးဘဲ ဒီနေ့ တနင်္လာနေ့ညမှာ စပါးနဲ့ ချယ်ဆီး အသင်းတို့ ထိပ်တိုက်တွေ့တဲ့ လန်ဒန် ဒါဘီ ပွဲကောင်း ကျန်ရှိနေပါသေးတယ်။
တော့တင်ဟမ် စပါးနဲ့ ချယ်ဆီးတို့ ပွဲစဉ် က ဒီ တနင်္လာနေ့ည (အင်္ဂါနေ့ နံနက်) ၂နာရီခွဲ အချိန်မှ စပါးရဲ့ လန်ဒန်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဂန်းနားဟောင်းကြီး ပေါမာဆန်က စပါးနဲ့ ချယ်ဆီးတို့ လန်ဒန် ဒါဘီပွဲ အတွက် အခုလို ကြိုတင် သုံးသပ်လာပါတယ်။
” ဒီပွဲအတွက် ကွင်းထဲမှာ ကျနော် ရှိနေမှာပါ။ ချယ်ဆီးတို့ ရှုံးမယ်လို့ မမြင်ပါဘူး။ ဒီရာသီ ချယ်ဆီးကို ဖွင့်တိုက်တဲ့ ကလပ်တွေက လွယ်ကူခဲ့ကြတာ မဟုတ်ပါဘူး။ ဒါကို အာဆင်နယ်၊ လီဗာပူးပွဲတွေမှာ မြင်ထားရပါတယ်။ စပါးကလည်း တိုက်စစ်ကစားပြီး အားကုန်ထုတ်မှာဖြစ်ပေမယ့် အဲ့တာက ချယ်ဆီးကို အားသာသွားစေမှာပါ။
စပါးအသင်းဟာ အတော်လေး ကောင်းနေပြီး မန်နေဂျာသစ်နဲ့အတူ ဘယ်လောက်ထိ လုပ်ပြနေသလဲဆိုရင် ဒီနှစ်တွေထဲ ပထမဆုံးအကြိမ် သူတို့အသင်း ချယ်ဆီးကို အနိုင်ရသွားမယ်လို့ မျှော်လင့်နေကြပါတယ်။
ပိုချက်တီနိုကလည်း တချိန်က သူ့ရဲ့ အသင်းဟောင်း အိမ်ကွင်းထံ ပြန်သွားရမှာပါ။ သူက ကောင်းမွန်တဲ့ ကြိုဆိုခြင်း ခံရမယ်လို့ ထင်ပါတယ်။ ပြိုင်ဆိုင်မှု သမိုင်းကြောင်း ကြီးပေမယ့် စပါးအတွက် သူ အများကြီး လုပ်ပေးခဲ့ပါတယ်။ ၂၀၁၉ မှာ သူ ထွက်ချင်တာ မဟုတ်ဘဲ စပါးက သူ့ကို ထုတ်ပယ်ခဲ့တာကို မမေ့ဖို့ လိုပါတယ်။
ဒီပွဲမှာ ပိုချက်တီနိုကို ကောင်းကောင်းမကြိုဆိုကြရင် ကျနော် စိတ်ပျက်မိမှာပါ။ စပါးကို အထင်သေးတာ မဟုတ်ပေမယ့် ဒီပွဲမှာ ချယ်ဆီးပဲ နိုင်မယ် ထင်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ တော့တင်ဟမ် စပါး ၁-၂ ချယ်ဆီး ဖြစ်ပါတယ်။