အက်စတွန်ဗီလာဟာ မန်နေဂျာ အူနိုင်းအမ်မရီ လက်အောက်မှာ အတော်လေး ခြေစွာတဲ့ ကလပ်အဖြစ် ထွန်းတောက်လာနေပြီး လက်ရှိ ချန်ပီယံ မန်စီးတီးတောင် ၁-၀ ရလဒ်ဖြင့် အရှုံးပေးခဲ့ရပြီ ဖြစ်ပါတယ်။
အက်စတွန်ဗီလာဟာ ဒီရာသီ အိမ်ကွင်း ရာနှုန်းပြည့် နိုင်ပွဲ စံချိန် ရနေကာ အမ်မရီ လက်ထက်မှာ ၁၄ ပွဲဆက်တိုက် အနိုင်ရနေခြင်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ စနေနေ့ ညမှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာတီတာရဲ့ အာဆင်နယ်ကို ဧည့်ခံ ကစားရပါလိမ့်မယ်။
အာဆင်နယ်ကလည်း ဒီရာသီ ခြေစွမ်းကောင်းတွေ ပြသနိုင်နေသလို ရလဒ်ပိုင်း ယူနိုင်စွမ်းမှာလည်း ကောင်းမွန်နေပါတယ်။ နောက်ဆုံး ကစားထားတဲ့ လူတန်တောင်း ပွဲမှာဆိုရင် ပွဲချိန် ၉၆ မိနစ်မှာ အနိုင်ဂိုးသွင်းပြီး ၄-၃ ဖြင့် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်း ကာရေဂါကတော့ ဒီအပတ် အက်စတွန်ဗီလာ vs အာဆင်နယ်ပွဲမှာ အာတီတာရဲ့ အသင်းဟာ အမ်မရီတို့ အစုအဖွဲ့ကို အနိုင် ကစားနိုင်မယ် မဟုတ်ဘူးလို့ ထင်မြင်နေပါတယ်။
လက်ရှိ ခြေစွာနေတဲ့ အက်စတွန်ဗီလာနဲ့ ဇယားထိပ်က အာဆင်နယ်တို့ ယှဉ်ပြိုင်ကြမယ့် ပွဲအတွက် ကာရေဂါကတော့ “ ဗီလာက အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ ကျနော်ကတော့ ၁-၁ ရလဒ် ထွက်မယ်လို့ ထင်ပါတယ် ” ဆိုပြီး ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
ဒီအပတ်ပွဲကို အာဆင်နယ်တို့ အနိုင်ရခဲ့မယ်ဆိုရင်တော့ မန်စီးတီးတို့ အနိုင်မရတဲ့ ကွင်းမှာ ရမှတ် ၃ မှတ်အပြည့် ယူနိုင်ခြင်းနဲ့အတူ စိတ်ဓါတ်ပိုင်း အများကြီး မြင့်တက်သွားမှာပဲ ဖြစ်ပါတယ်။