မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ဇန်နဝါရီမှာ ကလပ်ကို ပြန်လည် စုဖွဲ့မှုကြီး စတင်ဖို့ ခြေလှမ်းတစ်ရပ်အဖြစ် နည်းပြတန်ဟက်ရဲ့ စနစ်မှာ ရုန်းကန်နေရတဲ့ ကစားသမား ၃ ဦးကို စတင် ရှင်းထုတ်မယ်လို့ သိရပါတယ်။

ယူနိုက်တက် အကြီးအကဲတွေဟာ အသင်းကို အချိန်မီ ကုစားမှု လုပ်ဖို့ကလည်း အရေးကြီး ပလန်တစ်ခု ဖြစ်တာနဲ့အတူ ဒေါ့မွန်က ခေါ်ယူထားတဲ့ ဆန်ချို၊ ရီးရဲလ်မက်ဒရစ်က ခေါ်ယူထားတဲ့ ကာဆီမီရိုနဲ့ ဗာရန်းတို့ကို ရှင်းထုတ်သွားဖို့ ကြိုးစားမှာပါ။

ပြီးခဲ့တဲ့ ဈေးကွက် နှစ်ခုအတွင်း ယူရို သန်း ၂၀၀ အကုန်အကျခံ ခေါ်ယူထားတဲ့ သူတို့ ၃ ဦးအတွက် ဇန်နဝါရီမှာ ကမ်းလှမ်းလာမှုတွေကို နားထောင်ပေးဖို့ ယူနိုက်တက် အကြီးအကဲတွေက လမ်းဖွင့်ပေးမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅% ကို ဝယ်ယူသွားမယ့် ရက်ကလစ်ဟာ ဆာအဲလက်စ်နောက်ပိုင်း အသုံးစရိတ် ပေါင် ၁.၄ ဘီလျံထိ သုံးထားပေမယ့် အလုပ်မဖြစ်ရခြင်း အကြောင်းရင်းတွေကို လေ့လာသုံးသပ်သွားပါမယ်။

စီးပွားရေးသမားဖြစ်တဲ့ ရက်ကလစ်ကတော့ ငွေတွေကို အကျိုးမဲ့ ဖြုန်းတီးမှုတွေကို မုန်းတီးတာမို့ ကလပ်ရဲ့ ငွေသုံးမှုတွေကို အဓိပ္ပာယ်မဲ့ မဖြစ်ရေး ဦးဆောင်မှာပါ။

ယူနိုက်တက်ရဲ့ ကလပ်တွင်း မောင်းနှင်မှုတွေကို ပြန်ပြီး ကုစားခြင်းကပဲ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တက်လာစေမယ်လို့ ကလပ်တာဝန်ရှိသူတို့က ယုံကြည်နေတာ ဖြစ်ပါတယ်။