ပရီးမီးယားလိဂ် ဝါရင့် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေ အတွက် ကြိုတင် သုံးသပ်ခန့်မှန်းလာပြီ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် v လီဗာပူး

ရှက်ဖီးကို ရင်ဆိုင်ရာမှာ လီဗာပူးတို့ ကစားပုံ မကောင်းပေမယ့် နိုင်ပွဲတော့ ရခဲ့ပါတယ်။ ပွဲတွေက အများကြီး ဆက်တိုက်လာနေတော့ ပွဲတိုင်း ခြေစွမ်းကောင်းမှာတော့ မဟုတ်ပါဘူး။ နိုင်ပွဲပဲ လိုတာပါ။ ရှက်ဖီးကို လီဗာပူးတို့ နိုင်ခဲ့ပေမယ့် ပဲလေစ့်ကတော့ သူတို့ကို အံ့ဩအောင် လုပ်ပြသွားမှာပါ။ ဒီပွဲ သရေကျမယ်လို့ မှန်းပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ခရစ္စတယ်ပဲလေ့စ် 1-1 လီဗာပူး

မန်ချက်စတာ ယူနိုက်တက် v ဘုန်းမောက်

ယူနိုက်တက်တို့ နိုင်မှရမယ်လို့ ကျနော် ပြောခဲ့တာ အကြိမ်ဘယ်လောက်ထိ ရှိနေပြီလဲ မသိပါဘူး။ သူတို့ စီးတီးနဲ့ ၃ မှတ်ပဲ ကွာနေတာပါ၊ နိုင်မှရပါမယ်။ အိုးထရတ်ဖို်ဒ့်မှာ ကစားရမှာမို့ နိုင်မှရပါမယ်။ ချယ်ဆီးကို ဒီကွင်းမှာပဲ အနိုင်ယူထားတာပါ။

ဘုန်းမောက်ကို ခပ်လွယ်လွယ် နိုင်သင့်ပေမယ့် ရှုံးလို့တော့ မရပါဘူး။ နိုင်နိုင်တဲ့ အခွင့်အရေး ရှိတဲ့ပွဲမို့ ယူနိုက်တက် နိုင်မယ်လို့ ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် 2-1 ဘုန်းမောက်

အက်စတွန်ဗီလာ v အာဆင်နယ်

ကျနော်ကတော့ အက်စတွန်ဗီလာကို နိုင်စေချင်ပါတယ်။ ဘာကြောင့်လဲ? ဘာကြောင့်လဲဆိုရင် သူတို့ စိတ်ဝင်စားစရာတွေ လုပ်ပြတာ မြင်လိုတာကြောင့်ပါ။ အဲ့တာအတွက်တင် မဟုတ်ပါဘူး။ သူတို့ ပြသနေတဲ့ စွမ်းဆောင်ရည်အရ၊ အမ်မရီတို့ရဲ့ အသင်း ကစားတာ သိပ်ကောင်းနေလို့ သူတို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အက်စတွန်ဗီလာ 2-1 အာဆင်နယ်

အဲဗာတန် v ချယ်ဆီး

ချယ်ဆီးတို့ ခက်ခဲမှုတွေ ရင်ဆိုင်နေရတာက အဲဗာတန်အသင်း အသာစီးရသွားဖို့ အခွင့်အရေး ဖြစ်ပါတယ်။ ဂူဒီဆန်ပက်ခ်မှာ အဲဗာတန်က ပြိုင်ဘက်တွေကို ထိုးနှက်နိုင်ပါတယ်။ အဲ့တာကပဲ သူတို့ကို ရမှတ်တွေ ရစေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဗာတန် နိုင်ပွဲရဖို့ လိုနေပါတယ်။ ကျနော်ကတော့ အဲဗာတန်ပါပဲ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အဲဗာတန် 2-1 ချယ်ဆီး

လူတန် v မန်စီးတီး

လူတန်ကွင်းက သွားကစားဖို့ လွယ်ကူတဲ့ နေရာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် လူတန် အနိုင်ရမယ် ခန့်မှန်းဖို့ကတော့ သိပ်များသွားပါပြီ။ စီးတီးက စီးတီးပါပဲ။ အက်စတွန်ဗီလာကို ၁-၀ နဲ့ ရှုံးနိမ့်လိုက်တာနဲ့ သူတို့ဘယ်အသင်းမှ မနိုင်တော့ဘူး ဆိုတာမျိုး မဟုတ်ပါဘူး။ စီးတီးပဲ နိုင်ပါလိမ့်မယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ လူတန် 1-2 မန်စီးတီး

အခြားပွဲစဉ်များအတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ

Brighton 2-0 Burnley

Sheff Utd 1-0 Brentford

Wolves 1-1 Nottingham Forest

Fulham 3-1 West Ham

Tottenham 2-2 Newcastle