ဒီအပတ်မှာလည်း လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ် ၃ သင်းလုံး နိုင်ပွဲထပ်ရပေမယ့် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ စီးတီးရဲ့ သမ္ဘာက အသာရသွားမယ်လို့ အလန်ရှီးယားက မြင်နေပါတယ်။

လီဗာပူးအသင်းဟာ ဒဏ်ရာ ပြဿနာတွေနဲ့အတူ ရာသီကုန်မှာ ကလော့ပ် ထွက်တော့မှာမို့ နည်းပြအတွက် ဖလားယူပေးလိုတဲ့ ဖိအားတွေ ရှိနေတာပါ။ အာဆင်နယ်ကလည်း မနှစ်က ခြေချော်ဖူးတာကြောင့် ဒီတစ်ကြိမ် ထပ်ဖြစ်မလားဆိုတဲ့ ဖိအားမျိုး ဝင်နေနိုင်ကြောင်း သုံးသပ်ခံနေရပါတယ်။

ဘယ်အသင်း ဖလားရဖို့ ရေပန်းစားသလဲအတွက် အလန်ရှီးယားကတော့ ‘ သီတင်းပတ်တိုင်းမှာ တစ်သင်းသင်းတော့ ရမှတ်တွေ ဆုံးရှုံးပြီး ဖလားပြိုင်ဆိုင်မှု အခွင့်အရေး နည်းပါးသွားဖို့ မျှော်လင့်နေကြတာပေါ့။ ဒါပေမယ့် အပတ်တိုင်း မန်စီးတီးကလည်း ဒီပြိုင်ဆိုင်မှုထဲ ဆက်ပါနေဆဲပါ။

မန်စီးတီးက သူတို့ ကစားပုံ မကောင်းတာတောင် နိုင်ပွဲတွေ ရနေပါတယ်။ သူတို့ ပြာယာခတ်မနေဘူး။ သူတို့ ကစားပုံမကောင်းရင်တောင် ဘာလုပ်နေတယ် ဘာလုပ်ရမယ်ဆိုတာကို ယုံကြည်ချက်ရှိသလို ရာသီကုန်ရင် အဲ့တာ အလုပ်ဖြစ်မယ် ဆိုတာကို သူတို့ သိနေတယ်။

ရာသီကုန်မှာ ကလော့ပ် ထွက်ခွာသွားမှာမို့ လီဗာပူးအသင်းမှာက ဖိအားတွေ နည်းနည်း ရှိနေပါတယ်။ မနှစ်က ရာသီကုန်မှာ အာဆင်နယ် ခြေချော်သွားခဲ့တာကြောင့် ဒီရာသီအကုန်မှာ အာဆင်နယ်ကလည်း ဖိအားတွေ ရှိနေပါတယ်။

မန်စီးတီးကကျတော့ သူတို့က သန်မာတယ်၊ သူတို့က ပြိုင်ဆိုင်မှုထဲ ဆက်ရှိနေတယ်၊ သူတို့က အခြေအနေကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ် ’ လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။