၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် လီဗာပူးအသင်း အဝေးကွင်းဂျာစီဟာ ပိုမို တိကျ ပြတ်သားတဲ့ ပုံစံတွေနဲ့ ပေါက်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။

တခုတ်တရ ပြောရမယ်ဆိုရင် လာမယ့်ရာသီမှာတော့ နည်းပြကလော့ပ် ရှိတော့မှာ မဟုတ်ပါဘူး။ ခေတ်သစ်တစ်ခုကို စတင်ရာမှာ အပြောင်းအလဲ ကြီးမားတဲ့ ဘောလုံးရာသီ တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

တရားဝင် ထုတ်ပြန်လာမှု မဟုတ်သေးပေမယ့်လို့ အဝေးကွင်း ဂျာစီ အရောင်ဟာ night forest အရောင်လို့ သိရပါတယ်။ မှုံမှိုင်းမှိုင်းနဲ့ စိမ်းပြာပြာ အရောင်မျိုးတွေ ရောယှက်နေမှာဖြစ်ကာ အနက်ရောင်နဲ့ မီးခိုးရောင် အကွပ် ပါဝင်သွားပါမယ်။

ဂျာစီကိုတော့ ပေါ့ပေါ့ပါးပါး ‘stadium’ ဗားရှင်းနဲ့ ကစားသမားတွေအတွက် ‘match’ ဗားရှင်းဆိုပြီး နှစ်မျိုးလာပါမယ်။ ထုံးစံအတိုင်း ‘match’ ဗားရှင်းကတော့ ကွာလတီ ပိုကောင်းသလို စျေးပိုများမှာဖြစ်ပါတယ်။