စပါတာ ပရာဟာ နည်းပြဖြစ်သူ Brian Priske က လီဗာပူးဟာ သူတို့ထက် အများကြီး အင်အားသာလွန်တဲ့ ကလပ်လို့ ချီးကျူးခဲ့ပြီး လာမယ့်အပတ် အန်ဖီးမှာ ပွဲကောင်းဖြစ်အောင် ထပ်မံ ကြိုးစားမယ်လို့ ကတိပေးလာပါတယ်။

၅ ဂိုးပြတ် ရှုံးအပြီးမှာ စပါတာနည်းပြက “ သိပ်ကောင်းတဲ့အသင်းကို ရင်ဆိုင်ခဲ့ရတာပါ။ လီဗာပူးကို လေးစားပါတယ်။ သူတို့ဟာ ကျနော်တို့လက် လယ်ဗယ် နှစ်ဆင့်လောက် ပိုသာနေပါတယ်။ သူတို့က ပွဲကို အလေးအနက်ထားပြီး ကစားခဲ့သလို အင်ပြည့်အားပြည့် စွမ်းဆောင်ပြသွားပါတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။

အိမ်ကွင်းမှာတင် လီဗာပူးကို ၅-၁ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် စပါတာတို့ ကွာတားဖိုင်နယ်ထံ ရောက်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ အားလျော့မှာ မဟုတ်ဘဲ သူတို့ဟာ အသင်းကောင်းဖြစ်ကြောင်း ကြိုးစားပြီး သက်သေပြမယ်လို့ ပြိုင်ဘက်နည်းပြက ပြောပါတယ်။

Priske က “ ကျနော်တို့ ခံစစ်ကို ဘက်စ်ကားကွက်နဲ့ ပိတ်ကစားမှာ မဟုတ်ပါဘူး။ ခံစစ်ပိတ်တဲ့ အကွက်ကို သုံးဖို့ စဉ်းတောင် မစဉ်းစားပါဘူး။ ရလဒ်ကောင်းအတွက် အကောင်းဆုံး ကြိုးစားဖို့ကိုပဲ ကျနော်တို့ ရွေးချယ်မှာပါ။

နောက်အဆင့်ကို တက်ဖို့ အရမ်းကို ခက်ခဲသွားပြီဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဆက်ကြိုးစားမှာပါ။ သိပ်ကောင်းတဲ့ အသင်းအဖြစ် ပြသနိုင်ဖို့ အားထုတ်မှာပါ ” လို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။