ပရီးမီးယားလိဂ် ပွဲကောင်းတွေ ပါဝင်တဲ့ ဒီအပတ် ပွဲစဉ်တွေအတွက် ဝါရင့် ဘောလုံးပွဲ သုံးသပ်သူ ပေါမာဆန်ရဲ့ ရလဒ်ခန့်မှန်းတွေကို ဖော်ပြသွားပါမယ်။
Manchester United vs Everton
အဲဗာတန်ထံက ဂိုးခြိမ်းခြောက်မှုတွေ မမြင်တာကြောင့် ဒီပွဲ ယူနိုက်တက်ပဲ နိုင်သွားမယ် ထင်ပါတယ်။ ယူနိုက်တက်က သက်သောင့်သက်သာ နိုင်တာမျိုး မရှိသလောက်ပါပဲ။ ဒါပေမယ့် အိုးထရတ်ဖိုဒ့်မှာ အဲဗာတန်ကိုတော့ သူတို့ နိုင်မှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester United 2-0 Everton
Arsenal vs Brentford
အာဆင်နယ် အေးဆေးလေး နိုင်သွားမှာပါပဲ။ ဒီပွဲ အနိုင် ၃ မှတ်ရရင် အာဆင်နယ်က ဇယားထိပ်တက်သွားမှာပါ။ မန်စီးတီးကို လီဗာပူးတို့ ရှုံးသွားရင် ဇယားထိပ်မှာ ဆက်နေနိုင်မှာပါ။ အာဆင်နယ်အတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Arsenal 4-0 Brentford
Liverpool vs Manchester City
အန်ဖီးမှာတော့ လီဗာပူးကို နှားတစ်ဖျား အသာပေးချင်ပါတယ်။ သူတို့က အန်ဖီးမှာတော့ အတော်လေး ကြောက်စရာ ကောင်းပါတယ်။ ဘရတ်ဒလေက ဒိုကူနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ကစားဖို့ လိုအပ်ပါတယ်။ ဆာလာ vs အကီ ထိပ်တိုက်တွေ့မှုကတော့ အဓိက နေရာပါပဲ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Liverpool 2-1 Manchester City
Chelsea vs Newcastle United
ချယ်ဆီးက စပြီးတော့ ကောင်းလာနေပါပြီ။ သူတို့ ခြေစွမ်းတွေ တည်ငြိမ်လာပြီး နိုင်ပွဲတွေ ယူလာနိုင်ဖို့တော့ လိုပါတယ်။ ကျနော်ကတော့ သူတို့ ၂-၁ ရလဒ်မျိုးနဲ့ နိုင်မယ် ထင်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Chelsea 2-1 Newcastle United
အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ
Crystal Palace 2-1 Luton Town
Bournemouth 3-0 Sheffield United
Wolves 2-1 Fulham
Aston Villa 2-2 Tottenham
West Ham 3-0 Burnley
Brighton 3-1 Forest