ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ဘီဘီစီမှ ဝါရင့် ဘောလုံးပွဲ သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ ရလဒ်ခန့်မှန်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် v အဲဗာတန်

တကယ်တော့ ဒီပွဲ သရေ လို့ မှန်းဖို့ ကျွန်တော် စိတ်အားထက်သန်နေတာပါ။ ဒါပေမယ့် ယူနိုက်တက်ဟာ ဘယ်လို ဖြစ်ဖြစ် နိုင်ပွဲရအောင် ရှာသွားနိုင်တယ် ဆိုတာ သိနေတော့ သူတို့နိုင်မယ်လို့ပဲ ရွေးလိုက်ပါ့မယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် 2-1 အဲဗာတန်

အာဆင်နယ် v ဘရန့်ဖို့ဒ်

ဒေးဗစ် ရာယာက သူ့မိခင်ကလပ်နဲ့ ပြန်တွေ့တာ ဖြစ်တာကြောင့် အာဆင်နယ် အတွက် ရမ်ဒယ်စ် ပွဲထွက် ဂိုးဖမ်းပါမယ်။ ခံစစ်က တစ်ဂိုးလောက် ပေးကောင်း ပေးရနိုင်ပေမယ့် အာဆင်နယ် နိုင်ကို နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-0 ဘရန့်ဖို့ဒ်။

လီဗာပူး v မန်စီးတီး

ကျွန်တော်က ရူးမိုက်တဲ့သူ တစ်ယောက် လို့ ပြောခံရကောင်း ပြောခံရမယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ချစ်ဖို့ကောင်းတဲ့ ဒါဝင် နူးညက်ဇ် သွင်းဂိုးနဲ့ အတူ အနီရောင်တွေ အနိုင်ရမယ် လို့ မှန်းချင်တယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-1 မန်စီးတီး

ချယ်ဆီး v နယူးကာဆယ်

ကျွန်တော် ချယ်ဆီးကို အိမ်ကွင်းပွဲတွေမှာ သူတို့ဘက်ကနေ နေပြီး လွဲသွားတာ ဘယ်နှကြိမ်မှန်းတောင် မသိတော့ဘူး။ သူတို့ ဒီရာသီ မကုန်ခင်ရော စတန်းဖို့ဘရစ်ချ်မှာ နိုင်ဦးမှာလား? ချယ်ဆီး ဒီအပတ် နိုင်မယ် မျှော်လင့်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-1 နယူးကာဆယ်

အခြားပွဲတွေ အတွက် ဆက်တန် ခန့်မှန်းရလဒ်များ

Bournemouth 3-0 Sheff Utd
Crystal Palace 1-1 Luton
Wolves 1-1 Fulham
Aston Villa 3-2 Tottenham
Brighton 2-1 Nottingham Forest
West Ham 2-0 Burnley