မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ တနင်္ဂနွေနေ့ အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ပွဲကြိုမှာ လီဗာပူးကို လေတိုက်လာပြီး ပရီးမီးယားလိဂ်ဖလား အောင်မြင်ရေး သူတို့ရဲ့ အဓိက ပြိုင်ဘက်ဟာ အာဆင်နယ်ပါလို့ ပြောလာပါတယ်။

ကုန်ခဲ့တဲ့ ၆ နှစ်အတွင်း စီးတီးတို့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် အောင်မြင်ခဲ့ပြီး တစ်ကြိမ်တည်းသော ကြားဖြတ် အောင်နိုင်တဲ့ အသင်းက လီဗာပူးဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာလည်း နှစ်သင်းဟာ ရမှတ်မကွာတဲ့ အခြေအနေ ဖြစ်နေပေမယ့် ဂွာဒီယိုလာကတော့ အာဆင်နယ်ကိုပဲ ပိုဂရုစိုက်ကြောင်း ဆိုခဲ့တယ်။

ဒီရာသီ ဖလားပြိုင်ဆိုင်မှုအတွက် ဂွာဒီယိုလာက ပြောရာမှာ ‘ အာဆင်နယ်က ဖလားပြိုင်ဆိုင်မှုထဲ ပါနေပါပြီ။ မနှစ်ကရာသီမှာ သူတို့က ကျနော်တို့ရဲ့ အဓိက ပြိုင်ဘက်ဖြစ်ခဲ့ပါတယ်။

သူတို့ ကစားနေတာကိုပဲ ကြည့်လိုက်လေ။ လီဗာပူးဆိုရင် ပွဲတစ်ပွဲကို နိုင်ဖို့ မိနစ် ၉၀ ထက် ပိုကစားခွင့်ရဖို့ လိုတယ်။ အာဆင်နယ်က တစ်ခါတလေ ပွဲတွေနိုင်ဖို့ ၂၅ မိနစ်လောက်ပဲ လိုပါတယ် ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။