မန်ချက်စတာ ယူနိုက်တက်ဟာ စနေည အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အဲဗာတန်ကို ဧည့်ခံကစားပြီး ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် အဆင့် ၅ နေရာက စပါးနဲ့ ၃ မှတ်အကွာကို ပြန်နီးကပ်လာပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက် ရခဲ့တဲ့ နှစ်ဂိုးလုံးက ပင်နယ်တီ သွင်းဂိုးတွေ ဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ဖို့ဒ် တို့ တစ်ဂိုးစီ သွင်းခဲ့တာပါ။ ပင

တိုက်စစ်သမား ဂနာချိုဟာ ဒီပွဲမှာ ဖာနန်ဒက်စ်နဲ့ ရက်ဖိုဒ့်တို့ သွင်းယူတဲ့ ပင်နယ်တီ ၂ ကြိမ်လုံးအတွက် ဖန်တီးပေးခဲ့သူဖြစ်တယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ယူနိုက်တက်အတွက် တစ်ပွဲတည်း ပင်နယ်တီ ၂ ကြိမ် ရယူပေးတဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။

ဂနာချို၊ ရက်ဖိုဒ့်၊ ဖာနန်ဒက်စ်တို့ထံက မဆိုးလှတဲ့ ခြေစွမ်းမျိုးကလွဲရင် ဒုတိယပိုင်းမှာ အနည်းငယ်တိုးတက်လာတဲ့ ယူနိုက်တက် ခြေစွမ်းက အားရစရာ မရှိပါဘူး။ ပင်နယ်တီတွေကြောင့် မဟုတ်ရင် နိုင်ခဲ့မှာကို မဟုတ်တဲ့ပွဲပဲဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ဟာ ဘောလုံးကို စည်းစနစ်ကျကျ ကစားနိုင်စွမ်း မရှိသလို ဘောလုံးမကြာခဏ ဆုံးရှုံးခြင်းနဲ့အတူ အမှားအရမ်းများပေမယ့် လိုအပ်တဲ့ နိုင်ပွဲတော့ ရခဲ့ပါတယ်။

ပွဲပြီးခါနီး တတိယမြောက် ပင်နယ်တီရဖို့တောင် နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒိုင်လူကြီး ကပယ်ဖျက်ခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားကတော့ ဂနာချိုပဲ ဖြစ်ပါလိမ့်မယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒကစ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ သမိုင်းမှာ ပင်နယ်တီကနေ ဂိုးအများဆုံး သွင်းသူ အဖြစ် ၂၉ ဂိုး နဲ့ စံချိန်သစ်လည်း စိုက်ထူသွားခဲ့ပါတယ်။