မတ်လ ၁၃ ရက်နေ့က talkSPORT ရဲ့ ဘောလုံးဆိုင်ရာ ဝေဖန်မှု အစီအစဉ်အတွင်း သုံးသပ်သူ ၂ ဦးကတော့ လီဗာပူးကစားသမားတွေက ပစ်မှတ် မန်နေဂျာ စာရင်းထဲ မပါသူ တစ်ဦးကို သဘောကျနေတယ်လို့ ဖော်ထုတ်လာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကလော့ပ်နေရာကို အလွန်ဆို၊ အာမိုရင်း၊ ဒီဇာဘီတို့ထဲက တစ်ဦးဦးနဲ့ အစားထိုးလိမ့်မယ်လို့ သတင်းကြီးနေတာပါ။ ဒါပေမယ့် ကစားသမားတွေကတော့ မန်နေဂျာကလော့ပ် နေရာကို သူ့ရဲ့ လက်ထောက် ပပ်လင်ဒါးနဲ့ အစားထိုးမယ်ဆိုရင် သဘောကျလိမ့်မယ်လို့ ပြောလာပါတယ်။

သုံးသပ်သူ Alan Brazil က “ လီဗာပူးကစားသမားတွေက နံပါတ် ၂ သမား ပပ်လင်ဒါးကို ကလော့ပ်နေရာ အစားဝင်စေတာကို လက်ခံမယ်လို့ သိရပါတယ်။ ” လို့ ထုတ်ပြောခဲ့တယ်။

နောက်ထပ် သုံးသပ်သူ Dean Saunders ကလည်း “ အဲ့ကိစ္စကို ငါလည်း ကြားထားတယ်။ အနည်းဆုံးတော့ ပပ်က လီဗာပူးရဲ့ အခြေအနေတွေကို သိတယ်လေ။ လီဗာပူးမန်နေဂျာ ရာထူး ဘယ်သူ့ကို ပေးမလဲက ခက်ခဲပါတယ်။ သူတို့က ထိပ်သီးအသင်းလေ ” လို့ ဆိုခဲ့တာပါ။

ပပ်လင်ဒါးကတော့ ကလော့ပ်နဲ့အတူ လီဗာပူးကနေ ထွက်ဖို့ စီစဉ်ထားကာ နယ်သာလန်ကလပ် အေဂျက်အသင်းကို မန်နေဂျာအဖြစ် ရောက်ဖွယ် ရှိနေပါတယ်။